ထိတွေ့ခဲ့သူတွေထဲမှာ နိုင်ငံခြားသား (၇၀)ဦးပါဝင်ပါတယ်။

မိုးညှင်းမြို့က လူနာ နံပါတ်(၁၄၄)အလုပ်လုပ်တဲ့ လှိုင်သာယာ ချိန်းရိဖိနပ်စက်ရုံက ဝန်ထမ်း (၁၁၅)ဦးကို မနေ့ကဓာတ်ခွဲနမူနာပေးပို့ပြီး စစ်ဆေးရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီသတင်းထုတ်ပြန်ချက်အရ ဝန်ထမ်း(၁၁၅)ဦးလုံးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ 



အခု စစ်ဆေးခဲ့တဲ့ (၁၁၅)ဦးက လူနာနံပါတ် ၁၄၄နဲ့စက်ရုံအတွင်း ထိတွေ့အလုပ်လုပ်ကိုင်လျှက်ရှိတဲ့ ဝန်ထမ်း (၄၅)ဦးနဲ့ နိုင်ငံခြားသား (၇၀)ဦးတို့ကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



“ အခုတော့ သူနဲ့ ထိတွေ့ခဲ့သူတွေအားလုံး Negativeပါ။ မနေ့ကတော့ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ သူ(၈)ဦးက ဆရာဝန်တွေ သူ့ကိုလိုက်ပို့တဲ့သူတွေအပါအဝင် အဲဒီ(၈)ဦးလုံးကလည်း Negativeပါ။ သူနဲ့ အနီးကပ်ထိတွေ့ခဲ့သူ အားလုံး Negative ဆိုတော့ ကျန်တဲ့ဝန်ထမ်းတွေအတွက်တော့ စိုးရိမ်စရာမရှိတော့ပါဘူး” လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက Duwun ကိုပြောပါတယ်။

လူနာ နံပါတ်(၁၄၄)က ချန်းရိဖိနပ်စက်ရုံမှာ တရုတ်ဘာသာပြန်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ရန်ကုန်ကို လာရောက်အလုပ်ကိုင်တာ (၁)လသာရှိပါသေးတယ်။

 ပြည်ပခရီးသွားရာဇဝင်မရှိထားဘဲ လုပ်ငန်းခွင်အတွင်းမှာ တရုတ်သူဌေးနဲ့ ဝန်ထမ်းတွေကြား ဘာသာပြန်အလုပ်ကိုသာ လုပ်ကိုင်ပေးနေသူပါ။

ဧပြီလအစပိုင်းကစပြီး နာမကျန်းဖြစ်ခဲ့တာကြောင့် ဧပြီ (၁၅)ရက်နေ့မှာ ရန်ကုန်ကနေ မိုးညှင်းကိုပြန်ခဲ့ပြီး မိုးညှင်းပြန်ရောက်မှ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူအလုပ်လုပ်တဲ့ စက်ရုံက ဝန်ထမ်း (၉၀၀၀)ကျော်ရှိပြီး လက်ရှိမှာတော့ စက်ရုံကို ယာယီပိတ်ထားပါတယ်။ 

အခုလို စက်ရုံဝန်ထမ်းတစ်ဦးမှာ ရောဂါပိုးကူးစက်ခံရတာနဲ့ ပတ်သက်လို့ သင်ခန်းစာတစ်ခုလို့ သတ်မှတ်ပြီး ကျန်တဲ့စက်ရုံတွေလည်း အားလုံးသတိရှိသွားတာပေါ့လို့ ဦးမြတ်မင်းသူက ပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က