လူနာနံပါတ်(၉၆)က ဆရာဝန်တစ်ဦးလည်းဖြစ်ပါတယ်။
Ei Ei Htun

တာချီလိတ်မြို့နယ်က လူနာ နံပါတ်(၉၆)နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ လှိုင်မြို့နယ်၊ (၅)ရပ်ကွက်က အေးရိပ်မွန်(၉)လမ်းရှိတိုက်ခန်းတွဲတစ်ခုလုံးကို ဧပြီလ(၁၉)ရက်နေ့ညပိုင်းကစပြီး Lock Down လုပ်လိုက်ပြီဖြစ်ပါတယ်။

လူနာ နံပါတ် (၉၆)ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ပိတ်ရက်ကာလ မိသားစုရှိရာ တာချီလိတ်ကိုပြန်သွားစဉ်မှာ ရောဂါပိုးရှိကြောင်း သိရတာဖြစ်တယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက Duwun ကိုပြောပါတယ်။ 

“ သူက ရန်ကုန်မှာ သူငယ်ချင်းတစ်ယောက်နဲ့နေထိုင်တာ။ အခုသူ့မှာ ပိုးတွေ့တယ်ဆိုတော့ အတူနေသူငယ်ချင်းကိုလည်း Quarantine လုပ်ထားပါပြီ။ ရန်ကုန်မှာရှိတုန်းက သူနဲ့ ဆွေမျိုးတော်စပ်တဲ့ လူနာ (၄၇)ရဲ့ မိသားစုဝင်ထဲက နေမကောင်းလို့ဆိုပြီး သွားရောက်ကုသပေးခဲ့တဲ့ ရာဇဝင်တော့ရှိတယ်။ သူ တာချီလိတ်ပြန်တုန်းမှာ ပိုးတွေ့လူနာမိသားစုနဲ့ ထိတွေ့ခဲ့တာရှိလို့ Quarantine ဝင်နေတဲ့အချိန်မှာ ရောဂါတွေ့ရှိခဲ့တာ” လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။ 

လူနာနံပါတ် (၉၆)က ဆရာဝန်ဖြစ်တဲ့အတွက် သူနဲ့အတူထိတွေ့ခဲ့တဲ့ ဆရာဝန်(၂၂)ဦးလောက်ရှိပြီး မိသားစုဝင်တွေနဲ့ဆို အားလုံး လူ(၄၀)ကျော်နဲ့ ထိတွေ့မှုရှိထားတယ်လို့ တာချီလိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ လူနာကို ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပေးနေပြီး ရန်ကုန်က တိုက်တစ်တိုက်လုံးကို lock down လုပ်ထားစဉ်အတွင်းမှာလည်း တိုက်ခန်းနေထိုင်သူအားလုံးရဲ့ စားဝ်နေရေးတွေအဆင်ပြေအောင် ရပ်ကွက် အုပ်ချုပ်ရးမှူးက ဦးဆောင်ပြီး အဆင်ပြေအောင်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။ 


က္က