အရပ်သားတစ်ဦးမှာ အင်းစိန်ဆေးရုံက စောင့်ကြည့်လူနာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ စက်တင်ဘာလ ၃ရက်နေ့ မနက်(၈)နာရီမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့ ပိုးတွေ့လူနာစာရင်းမှာ ပါဝင်ခဲ့တဲ့ လှိုင်မြို့နယ်က ပိုးတွေ့လူနာနှစ်ဦးမှာ ကွာရန်တင်းဝင်ရောက်နေတဲ့ တပ်မတော်သားတစ်ဦး နဲ့ အင်းစိန်ဆေးရုံက စောင့်ကြည့်လူနာတစ်ဦးဖြစ်တယ်လို့သိရပါတယ်။


ပိုးတွေ့လူနာနှစ်ဦးထဲမှာ တပ်မတော်သားကတော့ စစ်ကြောရေးစခန်းက ဖြစ်ပြီး အရပ်သားအမျိုးသား ကတော့ လှိုင်မြို့နယ် ၊ ၁၃ရပ်ကွက်မှာ ကားဘက္ကထရီလုပ်ငန်းလုပ်ကိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။




" နှစ်ဦးလုံးက အမျိုးသားတွေပဲ ။ တစ်ယောက်က တပ်မတော်စစ်ကြောရေးမှာ ကွာရန်တင်းဝင်နေတဲ့ တပ်မတော်သားပေါ့ ။ နောက်တစ်ဦးကတော့ လှိုင်မြို့နယ် ၊ ၁၃ရပ်ကွက် ၊ သီရိမြိုင် ၄လမ်းက အသက် ၃၈နှစ် အမျိုးသားပေါ့ ။သူကတော့ ဖျားလို့ အင်းစိန်ဆေးရုံတက်နေတာ။ စောင့်ကြည့်လူနာပေါ့ " လို့ လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက Duwun ကိုပြောပါတယ် ။


စစ်ကြောရေးစခန်းက တပ်မတော်သားနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ချက်တွေကိုတော့ လက်ရှိမှာမသိရသေးဘဲ လှိုင်မြို့နယ် ၊ ၁၃ရပ်ကွက် ၊ သီရိမြိုင် ၄လမ်းကိုတော့ အသွားအလာကန့်သတ်ပြီး ပိုးတွေ့လူနာရဲ့ မိသားစုဝင်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်မယ်လို့ သိရပါတယ် ။


ဒီနေ့ မနက်၈နာရီ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်၁၉ ပိုးတွေ့လူနာသစ် (၆၃)ဦးတွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက (၃၆)ဦး ၊ပဲခူးတိုင်းဒေသကြီး (၂၄)ဦး ၊ နေပြည်တော် (၁)ဦး ၊ ရခိုင်ပြည်နယ် (၁)ဦး နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) (၁)ဦး တို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က