လှိုင်မြို့နယ်အတွင်း လော့ဒေါင်း ပြုလုပ်ထားတဲ့နေရာပေါင်း ၅၄ နေရာရှိနေပါတယ်။

ကိုဗစ်ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ထိစပ်သူတွေကို ကို Facility Quarantine ထားချင်ပေမယ့်   ကွာရန်းတင်စင်တာ မလုံလောက်ဖြစ်နေတဲ့အတွက် နေအိမ်မှာသာ ကွာရန်တင်းထားရှိစောင့်ကြည့်နေရတယ်လို့ လှိုင်မြို့နယ် ကိုဗစ်ကော်မတီက သိရပါတယ်။



ဒါကြောင့် လိူင်မြို့နယ်က ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ထိတွေ့သူတွေကို Home Quarantine ထည့်ထားကာ ၊ လိုက်နာရမယ့် စည်းကမ်းတွေကိုတော့ ကွာရန်တင်းစင်တာမှာ ပြုလုပ်တဲ့အတိုင်း ဆောင်ရွက်ပြီး အသွားအလာကန့်သတ် လော့ဒေါင်းပြုလုပ်ထားရတယ်လို့ သိရပါတယ်။

Home Quarantine ထားသူအချို့ကို Facility Quarantine ထားရန် ရွှေ့ပြောင်းနေစဉ် (ဓာတ်ပုံ - ကျော်ကျော်ထွန်း)

"ရှိ တဲ့ ကွာရန်တင်းစင်တာ တွေကပြည့်သွားတော့ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့တဲ့ contact person တွေကို အိမ်မှာပဲ ကွာရန်တင်းထားထားနေရတယ်။တချို့တိုက်တွေက အဆင်မပြေဘူး၊ ပတ်ဝန်းကျင်က အဆင်မပြေဘူး။ ပြည်သူတွေကလဲပြောတယ် ၊ဒါကလည်းမှန်ပါတယ်၊ ဒါကြောင့် ကိုယ်မြို့နယ်ကိုတာဝန်ယူတဲ့ကွာရန်တင်းစင်တာတွေဆောင်ရွက်ဖို့ အရန်ထားဖို့ လုပ်နေပါတယ်။ ညကဆို ဟုမ်းကွာရင်တင်း ထားထားတဲ့ ၅၇ ယောက်ကို ချက်ခြင်း FQထည့်လိုက်ပြီ"လို့ လှိုင်မြို့နယ် ကိုဗစ်ကော်မတီဝင် ကိုကျော်ကျော်ထွန်းလှိုင်ကပြောပါတယ်။

လက်ရှိ လှိုင်မြို့နယ်အတွင်းမှာ Home Quarantine ထားစောင့်ကြည့်နေရတဲ့  ကိုဗစ်အတည်ပြုလူနာတွေနဲ့ တိုက်ရိုက်ထိတွေ့မှုရှိထားသူပေါင်း ၁၀၀ ဝန်းကျင်ကျန်နေသေးတယ်လို့ သိရပါတယ်။

" home ထည့်ထားတာက contact person တွေပါ၊ ပိုးတွေ့လူနာရဲ့ အိမ်သူအိမ်သားတွေပေါ့။သူတို့အနေနဲ့ လိုက်နာရမှာကတော့ ကွာရန်တင်းစင်တာတွေမှ ဆောင်ရွက်တဲ့အတိုင်းပဲ ၁၄ ရက် ဘယ်မှ မထွက်ရဘူး။ အိမ်မှာနေရမယ်၊ အစားအသောက်ကို ကျနော်တို့ကတာဝန်ယူမယ်။ ခုဆိုရင် H ထားတာ ၁၀၀ လောက်ရှိသေးတယ်။"လို့ ၎င်းကထပ်မံပြောပါတယ်။

လက်ရှိ လှိုင်မြိုနယ်မှာ ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မနက်အထိသိရှိချက်အရ ကိုဗစ်အတည်ပြုလူနာ ပေါင်း ၉၆ ဦးရှိပြီး ယင်းအနက် သေဆုံးလူနာ ၃ ဦး၊ ရောဂါပျောက်ကင်း သူ ၃ ဦးရှိတယ်လို့ သိရပါတယ်။

လှိုင်မြို့နယ်အတွင်း လော့ဒေါင်း ပြုလုပ်ထားတဲ့နေရာပေါင်း ၅၄ နေရာရှိနေပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က