လူဦးရေများလွန်းနေပါတယ်။
Hmue Eain Zaw

လှိုင်သာယာမြို့နယ်ဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

Photo - google map

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဆိပ်ကမ်းမြို့နယ်ကို အခြားမြို့နယ်ထဲ ပေါင်းထည့်မထည့် မီဒီယာတွေရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်ဟာ ကြီးမားလွန်းပြီး နေထိုင်သူလူဦးရေဟာ ကယားပြည်နယ်ရဲ့ လူဦးရေထက်ပင် ပိုမိုများပြားနေကာ လူဦးရေတိုးပွားနေတာကြောင့် အုပ်ချုပ်စီမံခန့်ခွဲရတာ ခက်ခဲနေတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ "ဒီအတွက် လှိုင်သာယာကို ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မလဲဆိုတာ စဉ်းစားနေပါတယ်" လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းတွေအရ လှိုင်သာယာ မြို့နယ်မှာလူဦးရေ ၇ သိန်းကျော်နေထိုင်ကြပြီး အစိုးရစီမံခန့်ခွဲမှုရုံးတွေ၊ ကျောင်းတွေ စတာတွေကတော့ တခြားမြို့နယ်တွေနဲ့ အတူတူဖြစ်နေတာကြောင့် အခက်အခဲဖြစ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က