အသက် ၃၀ အရွယ်ခန့် အမျီုးသမီးတစ်ဦး တစ်ကိုယ်လုံး သွေးတွေပေပြီး လဲနေတာကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ဒီကနေ့ (စက်တင်ဘာလ ၁၃ရက်) မနက်အစောပိုင်းမှာ အသက် ၃၀ အရွယ် အဝတ်ဗလာနဲ့ အမျိုးသမီးတစ်ဦး သွေးအလိမ်းလိမ်းနဲ့ လဲနေတာကို ရဲလှည့်ကင်းပတ်ရင်း တွေ့ရှိခဲ့ရပြီး အမျိုးသမီးဟာ ကြောက်လန့်လွန်းပြီး စကားမပြောနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo - MAN လူနာတင်ယာဉ်

လှိုင်သာယမြို့နယ် ထီးလှိုင်ရှင်အိမ်ယာနား (၈)ရပ်ကွက်မှာ ဒီကနေ့ စက်တင်ဘာလ (၁၃)ရက်နေ့ မနက်အစော ၃နာရီလောက်က အဝတ်မပါဘဲ လဲနေတဲ့အမျိုးတစ်ဦးကိုတွေ့ရှိခဲ့တယ်လို့် လှိုင်သာယာ (၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

" မနက်အစောကြီး ရဲတွေလှည့်ကင်းပတ်ရင်းနဲ့တွေ့တာ ကကျွန်တော့်ရပ်ကွက်အပိုင်ဆိုတော့ ဆက်သွယ်လို့သွားကြည့်တော့ အသက် ၃၀အရွယ်လောက်အမျိုးသမီး အဝတ်ဗလာနဲ့ တစ်ကိုယ်လုံးသွေးတွေပေပြီးလဲနေတာကိုတွေ့ရတယ်။ ကြည့်ရသလောက်တော့ အဓမ္မပြုကျင့်ခံထားရတယ်လို့တော့ထင်တယ်။ ဒါကတော့ဆေးစစ်ဆေးချက်နဲ့မှသိရမှာဆိုတော့ အဲဒီအမျိုးသမီးကသတိတော့လည်တယ်။ မေးတာတော့တစ်ခုမှမဖြေနိုင်ဘူး။ ကျွန်တော်တို့လည်း လူမှုကူညီရေးလူနာတင်ယာဉ်ကိုအကြောင်းကြားပြီးတော့ ကျွန် တော့အမျိုးသမီးရဲ့အဝတ်တွေဝတ်ပေးပြီး လှိုင်သာယာဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်" လို့ လှိုင်သာယာ (၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦးက Duwun ကိုပြောပါတယ်။

အမျိုးသမီးက စိတ်ဝေဒနာရှင်တော့နိုင်ကြောင်းနဲ့ အခုလိုကြုံတွေ့ထားရတော့ ကြောက်လန့်ပြီးစကားမပြောနိုင်တဲ့ ပုံစံဖြစ်နေတာလို့ ဦးကျော်မင်းဦးကပြောပါတယ် လက်ရှိမှာတော့ အဲဒီအမျိုးသမီးကိုလှိုင်သာယာဆေးရုံမှာ လိုအပ်တဲ့ဆေးကုသမှုတွေပေးပြီး ရန်ကုန်ဆေးရုံကြီးကိုလွှဲပြောင်းပို့ဆောင်ထားပြီဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က