သြဂုတ်လထဲမှာ ပြသမှာပါ။
Hmue Eain Zaw

မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ Line Walker 2 ရုပ်ရှင်ကို မကြာခင်ရုံတင်တော့မှာဖြစ်ပြီး နိုင်ငံတကာမှာ ပြသတဲ့အချိန်နဲ့တပြိုက်နက် မြန်မာနိုင်ငံမှာလည်းရုံတင်သွားမယ်လို့ မင်္ဂလာရုပ်ရှင်ရုံအုပ်စုက သိရပါတယ်။

" ပြသမယ့် ရက်ကို အတိအကျမသိရသေးပေးမယ့် ပြသဖို့ကတော့ အတည်ပြုပြီးပါပြီး သြဂုတ်လ ထဲမှာ ပြသသွားဖို့ ရှိပါတယ်။"လို့ မင်္ဂလာရုပ်ရှင်ရုံအုပ်စု တာဝန်ရှိသူဖြစ်တဲ့ ကိုမြတ်ခိုင်စိုးက Duwun ကိုပြောပါတယ်။

Line Walker 2 ရုပ်ရှင်ဟာ ရန်ကုန်က ဆူလေလမ်းမပေါ်မှာ သေနတ်ပစ် Action ခန်းတွေနဲ့ရိုက်ကူးခဲ့တာကြောင့် မြန်မာပြည်သူတွေရဲ့ အထူးစိတ်ဝင်စားမှုခံနေရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ကို ဖေဖော်ဝါရီ ၁၇ ရက် နေ့ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့က ရွှေတိဂုံ ဘုရားတဝိုက်နဲ့ ဆူးလေမြို့တော်ခန်းမဝန်းကျင်မှာ လာရောက်ရိုက်ကူးသွားခဲ့တာဖြစ်ပါတယ်။

Shaw Brothers Pictures ရုပ်ရှင်ကုမ္ပဏီကရိုက်ကူးတဲ့ အဲ့ဒီရုပ်ရှင်မှာ

မြန်မာပြည်က ရုပ်ရှင်သရုပ်ဆောင်အချို့လည်းပါဝင်သရုပ်ဆောင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က