၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံလိပ်ကျွန်းမှာ ဗြိတိန်စုံတွဲအသတ်ခံရမှုကြောင့် သေဒဏ်ချမှတ်ခံထားရတာပါ။

လိပ်ကျွန်းလူသတ်မှုကြောင်း တရားစွဲခံရပြီး အကျဉ်းထောင်ထဲရောက်ရှိနေတဲ့  ဇော်လင်းနဲ့ ဝေဖြိုး တို့နှစ်ဦးကျန်းကျန်းမာမာရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN က သတင်းထုတ်ပြန်ပါတယ်။


Photo - AFP



ဖေဖော်ဝါရီ ၂၆ ရက်က သူတို့နှစ်ဦးကို ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF အဖွဲ့နဲ့ ရှေ့နေအဖွဲ့ သွားရောက်တွေ့ဆုံခဲ့ရာ ဇော်လင်းနဲ့ ဝေဖြိုးတို့ ၂ ဦး တို့က ကျန်းမာစွာရှိကြပြီး မနှစ်ကလို တစ်ဦးနဲ့ တစ်ဦး အခန်းခွဲထားတာမျိုးမရှိတော့ပဲ အခန်းတစ်ခန်းတည်း အတူနေထိုင်လျှက်ရှိတယ်လို့ MWRN ထုတ်ပြန်ချက်အရသိရပါတယ်။

သူတို့နှစ်ဦးအပြင် မြန်မာတစ်ဦးပါ ရောက်ရှိလာပြီး အတူနေထိုင်ကြသလို အခန်းနားက ထိုင်းလူမျိုး အကျဉ်းသား ၂၃ ဦးတို့နဲ့ ချစ်ခင်ရင်းနှီးစွာ နေထိုင်လျှက်ရှိနေတယ်လို့သိရပါတယ်။

ထိုင်းအကျဉ်းသား ၂၃ ဦးကလည်း သူတို့ အကျဉ်းမကျမီ ဇော်လင်းနဲ့ ဝေဖြိုးတို့ရဲ့ သတင်းကို ကြားသိရတာကြောင့် စိတ်မကောင်းဖြစ်မိသလို ယခုလာမယ့် ၁၀ ပါးမြောက် ဘုရင်မင်းမြတ်ရဲ့ နန်းတက်ပွဲမှာ လွတ်ငြိမ်ချမ်းသာခွင့် ရစေဖို့ မျှော်လင့် ဆုတောင်းပေးကြတဲ့အကြောင်း အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သူတို့နှစ်ဦးရဲ့ ပြောကြားချက်ကို MWRN က ရေးသားထားပါတယ်။

HRDF အဖွဲ့နဲ့ ေရှ့နေအဖွဲ့ က သူတို့နှစ်ဦးကို သွားရောက်တွေ့ဆုံရာမှာ စားစရာတွေ၊ အသုံးအဆောင် တွေနဲ့ သုံးစွဲဖို့ ငွေကြေး တစ်ဦးကို ဘတ် ၃၀၀၀ စီ စာရင်းပေးသွင်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဇော်လင်းနဲ့ ဝေဖြိုးက အရင်ပို့ပေးထားတဲ့ စာအုပ်တွေ ဖတ်ပြီးလို့ စာအုပ်အသစ်ဖတ်လိုကြောင်း၊ ဖေမြင့် ၊မင်းသင်္ခ ိ၊ ဆရာတော်ဦးဇောတိကမဟာမြိုင် တို့၏ စာအုပ်တွေနဲ့ အင်္ဂလိပ် မြန်မာ အဘိဓာန် စာအုပ် ဖတ်လိုသည်ဟု မှာကြသလို Mr Andy Hall နှင့်တကွ ကူညီဆောင်ရွက်ကြသောအဖွဲ့အစည်းအသီးသီးတို့အားလည်း သတိရ ကျေးဇူးတင် လျက်ရှိ ကြောင်းပြောကြားခဲ့ပါတယ်။

ရှေ့နေအဖွဲ့ နဲ့ HRDF မှ မဇာတို့မှလည်း အားမငယ်ကြစေဖို့ သူတို့နှစ်ဦးကို ပစ်မထားကြောင်း အားပေးစကား ပြောခဲ့တယ်လို့သိရပါတယ်။ ိုင်းနိုင်ငံ ကော့စမွီခရိုင် ကော့တောင်ကျွန်း(လိပ်ကျွန်း)တွင်ဖြစ်ပွားခဲ့သော ဗြိတိန်စုံတွဲကိုသတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံသားနှစ်ဦး ဇော်လင်းနှင့် ဝေဖြိုးတို့ကို ၂၀၁၅ ဒီဇင်ဘာလက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအမှုနဲ့ ပတ်သက်ပြီး အယူခံလျှောက်ထားရာမှာ ၂၀၁၈ မတ်လ က ထိုင်းနိုင်ငံ ကော့စမွေခရိုင်တရားရုံးက ပယ်ချခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က