ထိုင်းရှေ့နေတစ်ဦးက ပြောကြားခဲ့တာပါ။
Ei Ei Htun

လိပ်ကျွန်းလူသတ်မှုမှာ ဝင်းနဲ့ဇော်ကအမှန်တကယ်ကျူးလွန်တဲ့ သူတွေမဟုတ်တာကြောင့် သေဒဏ်ကနေလွတ်မြောက်အောင် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်လို့ရနိုင်မှာဖြစ်သလို ခိုင်မာတဲ့သက်သေထပ်ပေါ်လာရင်လည်း အမှုကိုပြန်လည်သုံးသပ်နိုင်တယ်လို့ထိုင်းရှေ့နေတစ်ဦးကပြောကြားခဲ့ပါတယ်။

photo- Aung Than Win Win

ထိုင်းနိုင်က လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဝင်းနဲ့ ဇော်အတွက် အမှုမှာ ခိုင်မာတဲ့ သက်သေအထောက်အထားတွေထပ်ပေါ်လာရင် ဒီအမှုကိုပြန်လည်သုံသပ်ပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။စက်တင်ဘာလ(၂၃)ရက်နေ့က ရန်ကုန်မှာပြုလုပ်တဲ့ လိပ်ကျွန်းနဲ့ရနောင်းလူသတ်မှု သတင်းစာရှင်းလင်းပွဲမှာသိခဲ့ရတာပါ။ လက်ရှိမှာတော့ ဒီအမှုနဲ့ပတ်သက်လို့သေဒဏ်ကို ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတရားစီရင်ရေးက အမိန့်ချလိုက်တာဖြစ်လို့ ဘာမှဆက်လုပ်လို့မရဘူးလို့ဆိုပါတယ်။

“ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ အခုလက်ရှိမှာကူညီချင်စိတ်ရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေကပဲ လုပ်ဆောင်ပေးနေတယ်။ အမှုကိုပြန်လည်သုံးသပ်ပြီး တရားခံအစစ်ရှာဖွေတာတွေကအစိုးရဘက်ကလုပ်ဆောင်ရမှာဖြစ်တယ်။ ကျွန်တော်တို့လုပ်လို့မရဘူး။ အခုလိပ်ကျွန်းလူသတ်မှုကလည်း မကျူးလွန်ပေမယ့် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတရားစီရင်ရေးကအမိန့်ချလိုက်ဆိုတော့ ဘာမှလုပ်လို့မရဘူး” လို့ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးထွန်းချစ်က မီဒီယာတွေကိုပြောပါတယ်။



ဝင်းနဲ့ဇော်ဟာ လိပ်ကျွန်းလူသတ်မှုမှာ သက်သေခိုင်လုံမှုမရှိပဲ သေဒဏ်ချမှတ်ခံခဲ့ရတာပါ။ ထိုင်းနိုင်ငံရဲ့တရားစီရင်ရေးမှာတော့ မြန်မာနိုင်ငံသားမို့သေဒဏ်ချမှတ်တာမျိုးမဟုတ်ဘဲ သူတို့နိုင်ငံရဲ့ လူသတ်မှုတွေတိုင်းကို အခုလိုစီရင်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။ ဝင်းနဲ့ဇော်ကတော့ လိပ်ကျွန်းလူသတ်မှုမှာ အမှန်တကယ်ကျူးလွန်တဲ့ သူတွေမဟုတ်တာကြောင့် သေဒဏ်ကနေလွတ်မြောက်အောင် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်လို့ရနိုင်မှာဖြစ်သလို ခိုင်မာတဲ့သက်သေထပ်ပေါ်လာရင်လည်းအမှုကိုပြန်လည်သုံးသပ်နိုင်တယ်လို့ထိုင်းရှေ့နေတစ်ဦးကပြောကြားခဲ့ပါတယ်။


က္က