ဆေးလိပ်သောက်သည့်အကြောင်းအရာပါတယ်ဆိုပြီးပယ်ဖျက်လိုက်တာပါ။

စာဆိုတော် မယ်ခွေ၏ “လက်ဆောင်” ကဗျာကို ပယ်ဖျက်စေသူ၊ ပယ်ဖျက်ရန်တိုက်တွန်းသူတို့ကို သင့်လျှော်သလို အရေးယူပေးစေလိုကြောင်း၊  ကဗျာကို အဋ္ဌမတန်း သင်ရိုးမှာ ခြွင်းချက်မရှိ ပြန်လည် ထည့်သွင်းပေးဖို့ မြန်မာနိုင်ငံဆရာ၊ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၃ ရက်က အခြေခံပညာကျောင်းများ ဖွင့်လှစ်ခဲ့စဉ်။



အဆိုပါ တောင်းဆိုကြေညာချက်ကို ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး “လက်ဆောင်” ကဗျာက ဆေးလိပ်သောက်လိုစိတ် ဖြစ်ပေါ်စေနိုင်တယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြတာဟာ ခိုင်မာတဲ့သုတေသနမရှိကြောင်း တွေ့ရှိရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“အခုမယ်ခွေရဲ့ ကဗျာက ဆေးလိပ်ကိုသင်တာမဟုတ်ဘူး။ သူရဲ့ မေတ္တာတရား၊တန်ဖိုးထားမှုကို သင်တာ။ ဒီကိစ္စမှာ တစ်ဦးတစ်ယောက်ရဲ့ သြဇာအာဏာရှိနိုင်တယ်ဆိုပြီး မြင်ပါတယ်။ မြန်မာနိုင်ငံအတွက် အမှန်တကယ်လိုအပ်တဲ့ ရသစာပေတွေကို ကြိုးကိုင်နေတယ်ဆိုရင်တော့ နိုင်ငံကတော့ဒုက္ခရောက်နေဦးမှာပါ” လို့ မြန်မာနိုင်ငံ ဆရာ၊ဆရာများအဖွဲ့ချုပ်မှ သာကေတမြို့နယ် အတွင်းရေးမှူး ဦးစိုးမိုးအောင် (နှလုံးလှ မြန်မာစာ) က Duwun ကို ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့တဲ့ ရသစာပေစကားဝိုင်း၌ ရသစာပေကို တန်ဖိုးထားသင့်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူတွေကို ငယ်ရွယ်စဉ်ကပင် စတင်သင်ကြားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် မယ်ခွေ၏  “လက်ဆောင်” ကဗျာလို ရသစာပေကောင်းတစ်ပုဒ်ကို သင်ရိုးထဲမှ အထောက်အထားမဲ့ ပယ်ဖျက်ခဲ့တာက နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်မူဝါဒတို့နှင့်လည်း ကွဲလွဲနေတယ်လို့ အဖွဲ့ချုပ်အနေနဲ့ ယူဆသုံးသပ်ကြောင်း ထုတ်ပြန်ကြေညာထားတာပါ။

ပညာရေးဝန်ကြီးဌာနအနေနဲ့  မယ်ခွေ၏ “လက်ဆောင်” ကဗျာသာမက

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန တည်ရှိရာ တောင်ငူဆောင်မြက်ခင်းပြင်၌ တက္ကသိုလ်၏ ပထမဆုံး မြန်မာစာဖခင်၊ ဆရာကြီး ဦးဖေမောင်တင်ရုပ်တု ထားရှိခွင့်မပေးခြင်း၊  တက္ကသိုလ်ပင်ရင်းမြန်မာစာကို ပယ်ဖျက်ရန် စီစဉ်နေခြင်း၊  အထက်တန်းတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ပယ်ဖျက်ရန်ကြိုးစားခြင်း စတဲ့

မိခင် မြန်မာစာဘာသာရပ်ကို ဖိနှိပ်မှုဆန်သည့် အပြုအမူများ ပြုလုပ်နေတယ်လို့ ထင်မြင်ယူဆမိတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အများပြည်သူတန်ဖိုးထားအပ်တဲ့ မြန်မာစာဘာသာရပ်ကို ဖိနှိပ်တဲ့ အပြုအမှုတွေဆက်လက်ပြုလုုပ်ပါက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ပညာရေးဝန်ကြီးဌာနက တာဝန်ခံရမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က