အလုပ်သမားတွေဘက်ကလည်းဆန္ဒပြဖို့တွေရှိနေတယ်လို့သိရပါတယ်။
Ei Ei Htun

စက်ရုံအလုပ်သမားတွေအနေနဲ့ကလည်း အလုပ်ရှင်နဲ့ ပြေလည်မှုမရတဲ့ကိစ္စတွေကို ရုံးတွေပြန်ဖွင့်တဲ့ ဧပြီလ (၂၀)ရက်နေ့မှာ ထပ်မံဆန္ဒထုတ်ဖော်သွားမယ်လို့ သိရတဲ့အတွက် တိုင်းအစိုးရက ယခုအချိန်မှာ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုများ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက အဆိုပါစက်ရုံ၊ အလုပ်ရုံတွေကို ပိတ်သိမ်းသွားမယ်လို့ ဒီနေ့ ဧပြီလ (၁၈)ရက်နေ့မှာ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ သင်္ကြန်ကာလပိတ်ရက်မတိုင်ခင်မှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့အတွက် တိုင်းအစိုးရက လက်တလောဖြစ်ပွားနေတဲ့ Covid 19 ရောဂါဖြစ်ပွားမှုကြောင့် ဆန္ဒမပြကြဖို့ မေတ္တာရပ်ခံခဲ့ပြီးအလုပ်သမားတွေက ဆန္ဒပြတာတွေရပ်နားခဲ့ကြပါတယ်။ ယခုအခါမှာ သင်္ကြန်ကာလပြီးသွားပြီဖြစ်လို့ အလုပ်တွေပြန်ဖွင့်ရတော့မှာ ဖြစ်တာကြောင့် စက်ရုံအလုပ်သမားတွေအနေနဲ့ကလည်း အလုပ်ရှင်နဲ့ ပြေလည်မှုမရတဲ့ကိစ္စတွေကို ရုံးတွေပြန်ဖွင့်တဲ့ ဧပြီလ (၂၀)ရက်နေ့မှာ ထပ်မံဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပါတယ်။

တိုင်းအစိုးရကယခုအချိန်မှာ မိမိအခွင့်အရေးကိုထုတ်ဖော်ပြောရမယ့်အချိန်မဟုတ်ဘဲ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အဓိကဖြစ်တဲ့ Covid 19 ရောဂါမဖြစ်ပွားအောင် လူစုလူဝေးကိစ္စတွေမလုပ်သင့်ကြောင်း၊ တကယ်လို့ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုများ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက အဆိုပါစက်ရုံ၊ အလုပ်ရုံတွေကို ပိတ်သိမ်းသွားမယ်လို့ ဒီကနေ့ ဧပြီလ (၁၈)ရက်နေ့မှာ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။ 

ရန်ကုန်တိုင်‌းဒေသကြီး အတွင်း မှာ စက်ရုံအလုပ်ရုံပေါင်း ၆၆၃၂ ရုံရှိပြီး အလုပ်သမား‌ေပေါင်း ၆သိန်း၈‌ေသောင်း‌‌ကျော်ရှိပါတယ် အလုပ်ပြန်လည်ဝင်‌ရောက်လာမယ့်နယ်ပယ်အသီးသီးမှ စက်ရုံအလုပ်မားများကို Covid 19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်များနဲ့အညီ ကာကွယ်ရေးလုပ်ငန်းတွေကို ညွှန်ကြားဖို့ကိုလည်း တိုက်တွန်းပြောကြားထားပါတယ်။ ယခုအချိန်မှာ Covid 19 ရောဂါကူးစက်ပြန့်ပွားနေဆဲဖြစ်လို့ စက်ရုံတွေမှာ ကုန်ကြမ်းပြတ်တောက်ခြင်းတွေနဲ့ အဝယ်အော်ဒါများလက်ခံရရှိမှုနည်းပါးလာခြင်းတို့ကြောင့် စက်ရုံတွေပိတ်ခြင်းနဲ့ အလုပ်သမားတွေလျော့ချခြင်းများဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးတွေကို လိုက်လံဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့အမြင်ကိုသိရှိနိုင်ဖို့ Duwun ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်ရရှိခဲ့ခြင်းမရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ


က္က