စည်းကမ်းချက် (၁၁)ချက်နဲ့အညီဖွင့်လှစ်ရမှာပါ။
Ei Ei Htun

COVID 19ကာလအတွင်းမှာ ပြန်လည်ဖွင့်လှစ်ရောင်းချမယ့် ဆိုင်တွေအနေနဲ့ စားသုံးသူတစ်ဦးနဲ့ တစ်ဦးကြားမှာ အကာအကွယ်တွေ မဖြစ်မနေလုပ်ရမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်တွေ၊ စားသုံးသူတွေနဲ့ တွေ့ဆုံမှုမှာပြောကြားခဲ့တာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်တဲ့ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာဆိုရင် ချမှတ်ထားတဲ့ စည်းကမ်းချက်အားလုံးကို လိုက်နာပြီးမှဖွင့်လှစ်သင့်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့တာပါ။

“ အခုလိုကာလမှာ ဆိုင်ရှင်တွေအနေနဲ့ အလုပ်လည်းပိုသလို ကုန်ကျစရိတ်လည်းပိုများတယ်။ ဆိုင်တွေပြန်ဖွင့်တာက ကျွန်မတို့အတွက်စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမယ့်လည်း စီးပွားရေးအရ မဖြစ်မနေလုပ်ရမယ့်အခြေအနေဆိုတော့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာဖို့လိုပါတယ်။ စားတဲ့အချိန်မှာက mask တွေကိုဖြုတ်ရမှာဖြစ်လို့ mask မတပ်လည်း ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန် စားသုံးသူ တစ်ဦးနဲ့တစ်ဦးကြားမှာ ပလပ်စတစ်အကာအကွယ်တွေကိုမဖြစ်မနေလုပ်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အင်မတန်မှ အန္တရာယ်များပါတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်ပြောကြားခဲ့တာပါ။

COVID ကာလအတွင်းမှာ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို ယာယီပိတ်ထားခဲ့ကာ ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုခဲ့တာဖြစ်ပြီး မေလ(၁၅)ရက်နေ့ကနေစလို့ ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ ပြန်လည်ဖွင့်လှစ်တဲ့ဆိုင်တွေအနေနဲ့က နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းချက် (၁၁)ချက်ကို မဖြစ်မနေလိုက်နာရမယ်လို့ ဆိုပါတယ်။ စည်းကမ်းချက်တွေအနေနဲ့ ဆိုင်ဝမှာအပူချိန်တိုင်းရန်၊ တစ်ဦးနဲ့တစ်ဦးကြားအကွာအကွယ်ထားရှိရန်၊ ပန်းကန်၊ဇွန်များကို တစ်ခါသုံးပစ္စည်းများ (သို့မဟုတ်)ပိုးသတ်ထာရမည်၊ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ စားသုံးသူတွေကို ထိုင်ခိုင်းရမည် ၊ လက်သန့်ဆေးရည်များထားရှိပေးထားရမည် စတဲ့အချက်တွေပါဝင်တဲ့ စည်ကမ်းချက်(၁၁)ချက်ကို ချမှတ်ထားတာပါ။

အခုလိုစည်းကမ်းချက်တွေကို လိုက်နာနိုင်တဲ့ဆိုင်တွေက စားသောက်ဆိုင်ကြီးတွေသာရှိပြီး တချို့ဆိုင်ငယ်တွေအနေနဲ့ကတော့ စည်းကမ်းချက်အတိုင်းမဟုတ်ဘဲ အဆင်ပြေသလိုရောင်းချနေရတာတွေရှိပါတယ်။ 

အဲဒီလို ဆိုင်ငယ်တွေအတွက် ညွှန်ကြားချက်တွေကိုမလုပ်နိုင်ရင် ပါဆယ်စနစ်နဲ့သာရောင်းချကြဖို့နဲ့ နိုင်ငံတော်ကလည်း ဘယ်လိုစီစဉ်ပေးနိုင်မလဲဆိုတာကို အမြန်ဆုံးစဉ်းစားပြီး လုပ်ဆောင်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။







ဆက်စပ်အကြောင်းအရာများ


က္က