ဇွန်လ ၁ ရက်နေ့ စတင်ကောက်ခံမှာပါ။

လက်ကိုင်ဖုန်းဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချရာမှာ ပစ္စည်းတန်ဖိုးနဲ့ အတူ ကျသင့်တဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ဝယ်ယူသူထံက ပေးဆောင်ရတော့မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။


Photo- Tecno Mobile (ဟန်းဆက်များ ရောင်းချနေသည်ကို တွေ့ရစဉ်)



အဆိုပါ အခွန်ကောက်ခံခြင်းကို ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ဝယ်ယူသူ မိဘပြည်သူတွေအနေနဲ့ ဝယ်ယူတဲ့ပစ္စည်းတန်ဖိုးအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမယ်လို့ သိရပါတယ်။

လက်ကိုင်းဖုန်းဟန်းဆက်နဲ့ ဆက်စပ်အပိုပစ္စည်းတွေ တင်သွင်းရောင်းချတဲ့ အရောင်းဆိုင်တွေအနေနဲ့ လက်ကိုင်ဖုန်း ဟန်းဆက်နဲ့ ဆက်စပ်အပိုပစ္စည်းတွေ ရောင်းချတဲ့ အရောင်းပြေစာ အပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားတဲ့ ပြေစာနဲ့ ရောင်းချရတော့မယ်လို့ ကြေညာထားပါတယ်။

ဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမယ့် မိဘပြည်သူတွေအနေနဲ့လည်း ကျသင့်အခွန်နဲ့ ညီမျှတဲ့ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားတဲ့ ပြေစာတွေ တောင်းယူကြဖို့နဲ့ အခွန် အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိတဲ့ ပြေစာတွေ ၊ ကျသင့်အခွန်နဲ့ ညီမျှတဲ့ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိတဲ့ ပြေစာတွေ ထုတ်ပေးပါက နီးစပ်ရာ အခွန်ရုံးတွေကို တိုင်ကြားနိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။

“ အခွန် ၅ ရာခိုင်နှုန်းက ပေးသင့်ပါတယ်။ ဒါပေမယ့် အဲဒီအခွန်တွေကို ဘယ်နေရာမှာ အသုံးချမလဲဆိုတာ ဆိုတာ သိရဖို့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်။” လို့ မိုဘိုင်းဖုန်းသုံးစွဲသူတစ်ဦးက Duwun ကိုပြောပါတယ်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနဲ့ စားသောက်ဆိုင်၊ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်တွေ၊ ရုပ်သံဝန်ဆောင်မှုလုပ်ငန်းတွေမှာ အခွန် ကောက်ခံနေတာဖြစ်ပြီး ကျသင့်အခွန်ကို ကုန်စည်ဝယ်ယူသူထံမှ တစ်ပါတည်း ကောက်ခံရမယ်လို့ ကုန်သွယ်လုပ်ငန်းခွန် စည်မျဉ်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က