အန္တရာယ်မရှိတော့ပါဘူး။
Hmue Eain Zaw
အင်းလျားကန်ဘောင်မှာ လက်ပစ်ဗုံးလို့ယူဆရတဲ့ အရာတစ်ခုတွေ့တာကြောင့် ဗုံးလန့်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ နေ့လည် ၁ နာရီလောက်က အများပြည်သူအပန်းဖြေနေရာတစ်ခုဖြစ်တဲ့ အင်းလျားကန်ဘောင် ပြည်လမ်းဖက်အခြမ်းမှာ လက်ပစ်ဗုံး ပုံသဏ္ဍာန် မီးခြစ်တစ်လုံးကို သန့်ရှင်းရေးအဖွဲ့တွေ့က တွေ့ရှိခဲ့တာပါ။

"စည်ပင်က သန့်ရှင်းအဖွဲ့တွေက မိုင်းတစ်လုံးတွေ့တယ်ဆိုပြီး လာအကြောင်းကြားတော့ ကျွန်တော်တို့လည်း လာရှာတာပါ။ ဒီရောက်တော့ အဲ့တာ တကယ် ဗုံးမဟုတ်ပါဘူး။ ဗုံးပုံစံလုပ်ထားတဲ့ မီးခြစ်ပါ။ မီးခြစ်ကလည်း ဂတ်စ်မရှိတော့ပါဘူး။"လို့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဟန် က Duwun ကိုပြောပါတယ်။

အဲ့ဒီလို ဗုံးလန့်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တပ်မတော် မိုင်းရှင်းလင်းရေး တပ်ဖွဲ့တွေ မိုင်းရှာခွေးတွေနဲ့ အင်းလျာကန်ဘောင်အနှံ့ရှာဖွေရေးတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ အင်းလျားကန်ဘောင် တလျောက်လုံးကိုမိုင်းတပ်ဖွဲ့က သေချာစွာရှင်းလင်းပြီးတာကြောင့် အန္တရာယ်မရှိတော့ဘူးလို့ မိုင်းရှင်းလင်းရေးတာဝန်ရှိသူတွေကပြောပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author


က္က