အသက် ၄ နှစ်အရွယ်မိန်းကလေးသေဆုံးခဲ့တာပါ။
Hmue Eain Zaw

ပျော်ဘွယ်မြို့နယ်မှာ အိမ်ပြင်ထွက်နေတဲ့ လေးနှစ်ကလေးကို လမ်းဘေးခွေးငါးကောင်ဝိုင်းပြီး ကိုက်တာကြောင့်သေဆုံးမှုတစ်ခု သြဂုတ်လ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ပျော်ဘွယ်ရဲစခန်းကသိရပါတယ်။

39032303_1029483583842889_3673673669311201280_n.jpg

Photo - ပျော်ဘွယ်မြို့နယ် Facebook

 

ပျော်ဘွယ်မြို့နယ်ဒီးဒုတ်ကုန်းကျေးရွာမှာနေထိုင်တဲ့ အသက်လေးနှစ်အရွယ်မိန်းကလေးဟာ ကျေးရွာမှှာရှိ တဲ့သူရဲ့ အိမ်နဲ့ ကိုက်၅၀အကွာမှာရှိတဲ့ဓမ္မာရုံနားမှာ ခွေး၅ကောင်ကိုက်ခဲမှုကို ခံခဲ့ရပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ ပျော်ဘွယ်ရဲစခန်းက Duwun ကိုအတည်ပြုပြောကြားပါတယ်။

ခွေးတွေဝိုင်းဝန်းကိုက်ခဲမှုကြောင့် ဦးခေါင်းတစ်ခုလုံးစုတ်ပြဲပြီး ခန္ဓာကိုယ် ပွန်းခြစ်ဒဏ်ရာတွေရရှိခဲ့လို့ မနက် ၁၀ နာရီအချိန်လောက်က ဆေးရုံးကိုပို့ပေမယ့်မလည်း ဆေးရုံးမှာ တစ်နာရီလောက်သာ အသက်ရှင်ပြီးသေဆုံးသွားတာဖြစ်ပါတယ်။

အဲ့ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ပျော်ဘွယ်မြို့မရဲစခန်းကနေ သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၈) နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က