ဂေဟာမလောက်ရင် နောက်ဘ၀ ကို ပို့ပစ်မယ်လို့ဆိုပါတယ်။
လမ်းဘေးခွေးတွေကို ရှင်းလင်းရေးဆောင်ရွက်နေရာမှာ ခွေးတွေကို ဝှက်မထားကြဖို့ အတွက် ဗဟန်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌက တိုက်တွန်းလိုက်ပါတယ်။

Photo - Sai Myo Thiha Tun

ဗဟန်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌဦးဝင်းဗိုလ် ရဲ့အဆိုအရ ခွေးတွေရှင်းတော့မယ်လို့ကြိုကြေညာရင်ခွေးတွေကို ဖွက်ထားကြသူတွေရှိနေတယ်လို့ ဆိုပါတယ်။

"ကျွန်တော် ဝှက်ထားတတ်သူများကိုအသိပေးပရစေ။ အခုလမ်းပေါ်ကခွေးတွေကိုဖမ်းပို့နေသည်မှာ အဲဒီလက်ခံတဲ့နေရာက လက်ခံနိုင်တဲ့ခွေးအကောင်ရေသတ်မှတ် ချက်ရှိပါတယ်။ သတ်မှတ်အကောင်ရေပြည့်သွား ရင်ဆက်လက် မခံတော့ပါ။ အဲဒါကြောင့်ခုချိန်မှာဖမ်း ပြီးပို့နေသည်ကို ကြည်ကြည်ဖြူဖြူနဲ့ဝိုင်းဝန်းကူညီကြပါ။ လက်ခံနေတဲ့နေရာမှာဆက်လက်မခံနိုင်တော့ဘူးဆိုရင် နောက်ကျကျန်နေတဲ့ခွေးများကို အကန့် အသတ်မရှိလက်ခံတဲ့"နောင်ဘဝ"လို့အမည်ရတဲ့ နေရာကိုပို့ရပါလိမ့်မယ်"လို့ ဦးဝင်ဗိုလ်က သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Photo - Sai Myo Thiha Tun

ဒါအပြင် လက်ခံနိုင်တဲ့ခွေးဂေဟာမရှိလို့ လမ်းပေါ်မှာနေခွင့် ပေးလိမ့်မည်မဟုတ်ပါဘူးဆိုတာသိစေချင်ပါတယ် လို့လည်းသူကရေးသားထားပါတယ်။

ဗဟန်းမြို့နယ်မှာ လမ်းဘေးခွေးတွေ ရှင်းလင်းတဲ့ လုပ်ငန်းကို့ မေလ ၂၉ ရက်နေ့ကစပြီး ဗဟန်းမြို့နယ် ဆရာစံ မြောက်အရှေ့ရပ်ကွက်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

ပိုင်ရှင်မဲ့လမ်းပေါ်ရှိခွေးတွေကို ဖောင်ကြီး၊ မင်းကုန်း၊ မရမ်းချောင်၊ သရက်နီကျေးရွာတွေမှာရှိတဲ့ သဘာဝ ဓမ္မတရားရိပ်သာရဲ့ ဘေးမဲ့ဂေဟာကို ပို့ဆောင်တဲ့လုပ်ငန်းနဲ့ မွေးလိုတဲ့သူရှိတယ်ဆိုရင် တရားဝင်မွေးနိုင်အောင်မှတ်ပုံတင်လုပ်ပေးနေတယ်လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်ကရေးသားထားပါတယ်။

Share

Loading Next Article...
က္က