တရုတ်နိုင်ငံသားတစ်ယောက်က လာတောင်းတာပါ။
Hmue Eain Zaw
ဖမ်းဆီးပြီး ဂေဟာကို ပို့ထားတဲ့ လမ်းဘေးက ပိုင်ရှင်မဲ့ခွေးတွေကို တရုတ်ပြည်ကိုပို့ချင်တယ်ဆိုပြီးတရုတ်နိုင်ငံသားတစ်ယောက်က စည်ပင်သာယာရေးကော်မတီကို လာရောက်တောင်းယူမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

တရုတ်ပြည်ပို့ချင်တယ်ဆိုပြီး တရုတ်နိုင်ငံသားတစ်ဦး က စည်ပင်ကို လာတောင်းခဲ့ တယ်လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဗိုလ်ကသူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

လမ်းဘေးခွေးတွေ ရှင်းလင်းတဲ့ လုပ်ငန်းကို ဒီနေ့ မေလ ၂၉ ရက်နေ့ကစပြီး ဗဟန်းမြို့နယ် ဆရာစံ မြောက်အရှေ့ရပ်ကွက်မှာပြုလုပ်ခဲ့ပြီး ဖမ်းမိတဲ့ ခွေးအကောင် ၅၀ ကို ဂေဟာတွေကိုပို့ခဲ့ကြပါတယ်။

ပိုင်ရှင်မဲ့လမ်းပေါ်ရှိခွေးတွေကို ဖောင်ကြီး၊ မင်းကုန်း၊ မရမ်းချောင်၊ သရက်နီကျေးရွာတွေမှာရှိတဲ့ သဘာဝ ဓမ္မတရားရိပ်သာရဲ့ ဘေးမဲ့ဂေဟာကို ပို့ဆောင်တဲ့လုပ်ငန်းနဲ့ မွေးလိုတဲ့သူရှိတယ်ဆိုရင် တရားဝင်မွေးနိုင်အောင်မှတ်ပုံတင်လုပ်ပေးတာတွေလည်းလုပ်ခဲ့ပါတယ်။

Photo - Win Bo FB

လာတောင်းတဲ့ တရုတ်နိုင်ငံသားက ဒီမှာ မွေးဖို့ မဟုတ်ဘဲ တရုတ်ပြည်ကို ပို့ချင်တာဖြစ်တဲ့အကြောင်းပြောလာတာကြောင့် ဦးဝင်းဗိုလ်က အခုလိုတိရိစ္ဆာန်ကို နိုင်ငံခြားပို့တာဟာ အစိုးရဆီမှာ တရားဝင်လျှောက်ယူရတယ်၊ အစိုးရကတိရိစ္ဆာန်တွေကို နိုင်ငံခြားပို့ခွင့်ပြုတယ်မပြုဘူးဆိုတာငါမသိဘူး၊အဲဒါကြောင့်မင်းဆီကို ခွေးမှတ်ပုံတင်လုပ်ပေးပြီး လက်ထဲမထည့်ပေးနိုင်ဘူး၊ မင်း ဘာလို့ တရုတ်ပြည်ကိုခွေးပို့မယ်ဆိုတာ ငါရိပ်မိပေမယ့် ဘာမှစကားဦးမသန်းချင်ဘူး၊ ငါတို့က International ကလက်ခံတဲ့၊ ခွေးဂေဟာကိုဖမ်းပြီးပို့တဲ့နည်းလမ်းကိုသုံးတာ၊ ငါတို့ပို့တဲ့ခွေးဂေဟာက ခွေးတွေကိုနစ်တကျနေထိုင် စားသောက်နိုင်အောင်လုပ်ဆောင်ပေးထားတာဆိုပြီး ဂေဟာမှာခွေးတွေကို ဘယ်လိုထား ထားတယ်ဆိုတာ ဓာတ်ပုံတွေပြလိုက်တယ်လို့ ပြောဆိုခဲ့တဲ့ရေးသားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က