နာရီပိုင်းအတွင်း နှစ်ကြိမ်လှုပ်ခတ်ခဲ့တာပါ။
Ei Ei Htun

ဒီကနေ့ ဧပြီလ (၁၆)ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ် ဖလမ်းမြို့ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ 

ပထမဆုံးလှုပ်ခတ်ခဲ့တဲ့အချိန်က ညနေ(၆)နာရီ (၁၅)မိနစ်အချိန်မှာ အင်အား ပြင်းထန်တဲ့ ရစ်(ခ်)တာစကေး (၆.၁)အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီး ဒုတိယအကြိမ်က (၇)နာရီ (၁၇)မိနစ်အချိန်မှာပဲ အင်းအားအနည်းငယ်ရှိတဲ့ ရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိတဲ့ ငလျင် ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

“ ငလျင်ဒဏ်ကိုတော့ ကျောက်တော်၊ ပခုက္ကူ၊ မုံရွာ ၊ ဖလမ်း၊ ကလေးဝနဲ့ ဟားခါးတို့မှာ ခံစားရတယ်ပြောတယ်။ ဟားခါးမှာတော့ ငလျင်ဒဏ်ကြောင့် အပျက်အစီးအနည်းငယ်ရှိတယ်လို့ ကြားတယ်။ အခုတော့ အချက်အလက်တွေတောင်းထားတုန်းပါ” လို့ မြေငလျင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက Duwun ကိုပြောပါတယ်။ 

မြေငလျင်နဲ့ ပတ်သက်လို့ အပျက်အစီးတွေရှိခဲ့တဲ့ ဟားခါးမြို့က လွှတ်တော်ကိုယ်စားလှယ်တွေကို Duwun က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာမှတော့ အဆက်အသွယ်မရရှိခဲ့ပါဘူး။ 


က္က