ကျောင်းသား(၁၀)ဦးကျော်ကိုအခုလိုလုပ်ခိုင်းခဲ့တာပါ။

ဖြစ်စဉ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊နမ့်တောင်းကျေးရွာ အထက(ခွဲ) ကျောင်းမှာ လပတ်စာမေးပွဲကျတဲ့ စတုတ္တန်းကျောင်းသား၊ကျောင်းသူတွေကို အင်္ဂလိပ်စာသင်တဲ့ဆရာမက အပြစ်ပေးတဲ့အနေနဲ့ အိမ်သာထဲကမစင်တွေကိုသွားယူခိုင်းပြီး ပါးစပ်နဲ့ နှာခေါင်းတွေမှာ သုတ်လိမ်းခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊နမ့်တောင်းကျေးရွာ အထက(ခွဲ) ကျောင်းရဲ့ စတုတ္တတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား(၁၀) ယောက်ဟာ လပတ်စာမေးပွဲကျတာကြောင့် ဆရာမက ကျောင်းသားတွေရဲ့ မျက်နှာနဲ့ နှာခေါင်းမှာ မစင်သုတ်လိမ်းခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးဆရာမကို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။



“ ဒီဖြစ်စဉ်က ကျွန်တော့နယ်မြေထဲမှာဖြစ်တာတော့မဟုတ်ဘူး။ အမှတ်(၂)နယ်မြေထဲမှာဖြစ်တာ။ဒီနေ့ပဲ ဒီကိစ္စနဲပတ်သက်လို့ အမှတ်(၂)ကတာဝန်ရှိသူကိုမေးကြည့်တော့ ဒါကဟုတ်တယ်ပေါ့နော်။ ကျောင်းသားမိဘတွေကလည်းတိုင်ကြားထားတာရှိတယ်လို့ပြောတယ်။ မိဘတွေတိုင်ကြားလာတဲ့ တိုင်ကြားစာထဲမှာတော့ အခုဆရာမ ပြီးခဲ့တဲ့ ၂၀၁၇၊ ၂၀၁၈ တုန်းကလည်းကျောင်းသားတွေကိုရိုက်တာတွေရှိတယ်။ အခုဖြစ်တဲ့တစ်ကြိမ်မှာတော့ မစင်နဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ နှုတ်ခမ်းတို့ နှာခေါင်းတို့ကိုသုတ်ခိုင်းတယ်ဆိုပြီး တိုင်ကြားစာထဲမှာရေးထားတယ် “ လို့ မူဆယ်မြို့ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက Duwun ကိုပြောပါတယ်။



လက်ရှိမှာတော့ ကျောင်းသားမိဘတွေတင်ပြလာတဲ့တိုင်းကြားစာနဲ့ပတ်သက်ပြီး ခရိုင်ပညာရေးမှူးရုံးနဲ့ မြို့နယ်ထွေအုပ်တွေကိုလည်း တဆင့်တင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဆရာမကို အရေးယူဆောင်ရွက်သွားမယ့်ကိစ္စနဲ့ပတ်သက်လို့ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်ကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာ

“ ဒါနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနကနေပဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတိုင်းပဲ အရေးယူဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ဘက်ကလည်း စည်းမျဉ်းတိုင်းပဲ သက်ဆိုင်ရာတွေကိုတင်ပြထားတယ်။ အခုလည်း ဖြစ်စဉ်ကို စစ်ဆေးဖို့အတွက် မြို့နယ်ပညာရေးက တာဝန်ရှိသူတွေလည်းလာနေပြီလို့ သိရပါတယ် “ လို့ ဦးကိန်မိုင်ကပြောပါတယ်။

ကျောင်းမှာ လပတ်စာမေးပွဲကျတဲ့ ကျောင်းသား၊ကျောင်းသူ (၁၀) ကျော်ကို အင်္ဂလိပ်စာသင်တဲ့ ဆရာမက အပြစ်ပေးတဲ့ အနေနဲ့ ကျောင်းကွင်းပြင်အတွင်းမှာ အိမ်သာထဲက မစင်တွေကိုသွားယူခိုင်းပြီးတော့ ပါးစပ်နဲ့ နှာခေါင်းတွေမှာ သုတ်လိမ်းခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က