တဖက်သတ်အပစ်ရပ်ဆဲမှု အခြေအနေပေါ်မှုတည်ပြီး သက်တမ်းတိုးမယ်။
တပ်မတော်အနေနဲ့ တဖက်သတ်အပစ်အခတ်ရပ်ဆဲပြီး ၂ လအတွင်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေနည်းသွားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအချင်းချင်းသာ ပစ်ခတ်တိုက်ခိုက်မှုတွေပိုများသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

တပ်မတော်မှ စစ်ရေးဆိုင်ရာ အပစ်အခတ်ရပ်စဲပေးပြီး ၂ လကြာပြီး လက်ရှိတိုက်ပွဲအခြေအနေများနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်ဘက်ကနေ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာပြုလုပ်ရင်း တပ်မတော် တာဝန်ရှိသူတွေက ပြောခဲ့တာပါ။

တပ်မတော်က အပစ်ရပ်ထားတဲ့ ကာလတွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပစ်ခတ်မှု ၆ ကြိမ်သာဖြစ်ပွားခဲ့ပြီး ၁ ကြိမ်ကသာ နည်းနည်းကြီးမားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာတော့ ၂၅ ကြိမ်အထိပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့တပ်မတော်က ဆိုပါတယ်။

အပစ်ရပ် လက်မှတ် မထိုုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးညှိုနိုုင်းဖို့ဆိုပြီး စစ်ရေးဆိုင်ရာ လှပ်ရှားမှုတွေကို တပ်တော်က ဧပြီလကုန်အထိ ရပ်ဆိုုင်းထားဖို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကကြေညာချက်ထုတ်ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲတဲ့ ကာလကိုသက်တမ်းတိုးဖို့ကတော့ ငြိမ်းချမ်းရေးအခြေအနေတွေပေါ်မှာ မှုတည်ပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ကတော့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ပဲ သတ်မှတ်ထားတာဖြစ်တဲ့အတွက် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။



က္က