တက္ကစီပေါ်ပါ ၃ ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
Mi Thawdar Aung

ဒီနေ့ ဇွန်လ ၂ရက်နေ့ မနက် ၆နာရီခန့်က ဖြစ်ပွားခဲ့တဲ ကာမာရွတ်မြို့နယ်၊အမှတ်(၄)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းမကြီးပေါ်က YBS ယာဥ်နဲ့ တက္ကစီတို့ရဲ့ ယာဥ်တိုက်မှုဖြစ်စဥ်မှာတော့ တက္ကစီပေါ်ပါ ၃ ဦးစလုံးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ Yangon Rescue Organization အဖွဲ့ရဲ့ ရုံးအဖွဲ့မှူး ဦးစိန်လှိုင်က Duwun ကို ပြောပြပါတယ်။

Photo- YRO

YBS (၄၀) ယာဥ်က မြို့ထဲဘက်ကနေ လာပြီး မျက်နှာချင်းဆိုင်ဖက်ခြမ်းက မောင်းလာတဲ့ တက္ကစီယာဥ် ဦးခေါင်းပိုင်းကို ဝင်တိုက်ခဲ့တာကြောင့် ယာဥ်မောင်းနဲ့ ခရီးသည် နှစ်ဦး၊ စုစုပေါင်း ကျား နှစ်ဦး မ တစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရတာပါ။ ဒီဖြစ်စဥ်မှာ YBS (၄၀) ရဲ့ ယာဥ်မောင်းဟာ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေပြီး ဖမ်းမမိသေးဘူးလို့လည်း ယာဥ်ထိန်းရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက Duwunကိုပြောပါတယ်။

“ဖြစ်စဥ်မှာပါဝင်ခဲ့တဲ့ YBS (၄၀) ယာဥ်မောင်းကိုတော့ ဖမ်းမမိသေးပါဘူး။ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါတယ်။ တက္ကစီပေါ်ပါ ခရီးသည် နှစ်ဦးနဲ့ ယာဥ်မောင်း စုစုပေါင်း ၃ ဦးကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။”လို့ ယာဥ်ထိန်းရဲ အရာရှိတစ်ဦးက ပြောပါတယ်။

Photo - YRO

ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ကမာရွတ်မြို့နယ်မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်း၊ ကြည့်မြင် တိုင်မြို့နယ်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေး ယာဥ်များ ဖြင့် ရှာဖွေ ကယ် ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

“ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်တဲ့အချိန်မှာ ခရီးသည်၂ဦးကို အရင်ထုတ်နိုင်ခဲ့တယ်။ ယာဥ်မောင်း ကတော့ ယာဥ်တိုက်မှုကြောင့် ကားထဲမှာ ညပ်နေလို့ အချိန်ယူထုတ်ခဲ့ရတယ်။သေဆုံးသူတွေကိုတော့ ရန်ကုန် ဆေးရုးကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။”လို့ ဦးစိန်လှိုင်ကပြောပါတယ်။

သေဆုံးသူတွေရဲ့ နေရပ်လိပ်စာ၊နာမည်နဲ့ မိသားစုဝင်တွေကို သိရှိနိုင်ရေး တာဝန်ရှိသူတွေက ဆက်လက်ဆောင် ရွက်နေပါတယ်။


က္က