ခြောက်ပေကျော်ရှည်တဲ့ မြန်မာ့အကြီးဆုံးလက်ဖက်ပန်းကန်ကို တည်ခင်းခဲ့တာဖြစ်ပါတယ်။

နှစ်ရက်အတွင်း လူဦးရေ ၄၀၀၀၀ နီးပါး ဝင်ရောက်ခဲ့ကြပြီး မြန်မာ့အကြီးဆုံး လက်ဖက်ပန်းကန်ကို ပြင်ဆင်ပြသခဲ့တဲ့ Duwun Food Carnival ကိုမတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

(မြန်မာ့အကြီးဆုံးလက်ဖက်ပန်းကန်ကို ပြင်ဆင်နေမှု)



ယခင်နှစ်တွေနဲ့မတူတဲ့ ထူးခြားမှုတွေနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ Duwun Food Carnival မှာ အစားအသောက်ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ပါဝင်ခဲ့ပြီး ယခင်နှစ်တွေထက်လည်း လာရောက်သူဦးရေ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

(လူကြိုက်များခဲ့တဲ့ Human Claw Machine)

“ ကျွန်တော်တို့ Duwun Food Carnival ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။ ဒီအတွက် ပါဝင်ကူညီပေးခဲ့ကြသူတွေ အားလုံးကို လည်း ကျေးဇူးတင်ပါတယ် ” လို့ Head of Events ဖြစ်သူ ကိုအီသန်က ပြောပါတယ်။

ထူးခြားချက်များစွာ ပါဝင်ခဲ့တဲ ယခုနှစ် Duwun Food Carnival မှာ ငွေသားကိုင်ဆောင်ဖို့မလိုတဲ့ စနစ်ဖြစ်တဲ့ KBZ PAY ကို အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်များအနေနဲ့ လူကိုယ်တိုင်မုန့်ထုပ်တွေကို ကောက်ယူလို့ရမယ့် Human Claw Machine လည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ခြောက်ပေကျော်ရှည်တဲ့ မြန်မာ့အကြီးဆုံး လက်ဖက်ပန်းကန်ကို ပြင်ဆင်တည်ခင်းခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က