loading...

loading...

loading...

ဇာတ်သဘင်တွေ၊ဈေးဆိုင်ခန်းတွေထည့်သွင်းမှာမဟုတ်ပါဘူး။
Mi Thawdar Aung

ပဲခူးတိုင်းဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်ကပြည်သူ သိန်းနဲ့ချီလာရောက်တဲ့ ပဲခူးရွှေမော်ဓောဘုရားပွဲတော်ကို အခုနှစ်မှာ အကျဉ်းရုံးသာ ကျင်းပတော့မယ်လို့ ဒီကနေ့ မတ်လ ၁၂ ရက်မှာ ပြုလုပ်တဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးကနေ သိရပါတယ်။

“ဘုရားပွဲမှာက ဇာတ်ပွဲတွေပါပါတယ်။ ဒီဇာတ်ပွဲတွေက ရက်အကြာကြီးလုပ်ရတဲ့ပွဲဖြစ်တော့ အဲဒီကာလအတွင်းမှာ လူစုလူဝေးနဲ့ တစ်နယ်လုံးကလာကြတယ်။ COVID-19 ရောဂါကြောင့်လူစုလူဝေးတွေ မလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနကလည်းညွှန်ကြားထားတော့ ဒီနှစ်မှာ ဇာတ်သဘင်တွေ လုံးဝမလုပ်တော့ဘူး။ ဈေးဆိုင်ခန်းတွေလည်း နည်းသွားမယ်။ “ လို့ ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက Duwun ကိုပြောပါတယ်။ 

ပဲခူးရွှေမော်ဓောဘုရားပွဲကို နှစ်စဉ် တန်ခူးလဆန်း ၈ ရက်ကနေ လပြည့်ကျော် ၈ ရက်နေ့အထိ ၁၅ ကြာကျင်းပတာဖြစ်ပြီး ဇာတ်ပွဲသဘင်တွေ၊ ဈေးဆိုင်ခန်းတွေ ကိုပါ ထည့်သွင်းကျင်းပတာဖြစ်ပြီး အခုနှစ်တော့ ပွဲလမ်းသဘင်တွေကို လုံး၀ မလုပ်တော့တာဖြစ်ပါတယ်။

ဘုရားအနေကဇာတင်တာတွေ၊ ဆွမ်းဆက်ကပ်လှူဒါန်းတာတွေနဲ့ သံဃာတော် အပါး ၅၀၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူတာတွေကို တော့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်မှာ COVID-19 ရောဂါကြောင့် ပွဲလမ်းသဘင် အချို့ကို ဖျက်သိမ်းတာတွေ လုပ်ခဲ့ပြီး ချင်းတွင်းသင်္ကြန်၊ ကချင်ပြည်နယ်သင်္ကြန်မလုပ်တော့သလို ရန်ကုန်မြို့ရဲ့ သင်္ကြန်ပွဲတော်ကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုအတိုင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က