စစ်တွေက ပြန်ရောက်တာကို အသိမပေးဘဲ အိမ်မှာနေထိုင်နေတာပါ။

လူနာ အမှတ်(၆၃၃)က စစ်တွေကနေ ရန်ကုန်ပြန်လာပြီး (၁၀)ရက်အကြာမှ ကွာရန်တင်းဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ 

ရောက်ရောက်ချင်း ကွာရန်တင်းဝင်ဖို့ အသိမပေးခဲ့ဘဲ (၁၀)ရက်အကြာမှ ပတ်ဝန်းကျင်က သိတာကြောင့် ကွာရန်တင်းဝင်ရောက်ခဲ့ရတာပါ။ ကွာရန်တင်း ဝင်ရောက်နေစဉ်အတွင်း ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာတော့ အခုလိုရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။



“ သူကပြန်ရောက်နေတာကို ဘယ်သူမှအသိမပေးဘူး။ ဒီပြန်ရောက်နေတာ (၁၀)ရက်လောက်ရှိပြီ။ သိသိချင်း ကွာရန်တင်းဝင်ခိုင်းခဲ့တာ။ ကိုဗစ်စစ်တော့ ညကထုတ်ပြန်ချက်မှာ လူနာနံပတ် (၆၃၃)နဲ့ အတည်ပြုလူနာအဖြစ်ပါလာတယ်”လို့ ဒဂုံဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူခိုင်က Duwunကိုပြောပါတယ်။

လူနာအပတ် (၆၃၃)က ဒဂုံဆိပ်ကမ်းမြိ့နယ်မှာ နေထိုင်သူဖြစ်ပြီး ကိုဗစ်အတည်ပြုလူနာအဖြစ် ဝန်ကြီးဌာနရဲ့ မနေ့ကညထုတ်ပြန်ချက်မှာ ပါရှိလာခဲ့တာပါ။ စစ်တွေကနေ ရန်ကုန်ကို ဩဂုတ်လ (၁၇)ရက်နေ့ကတည်းက ပြန်ရောက်နေတာဖြစ်ပြီး ကွာရန်တင်းဝင်ရောက်ဖို့ သက်ဆိုင်ရာတွေကို အကြောင်းမကြားဘဲ နေထိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါလူနာက သူ့အဖေနဲ့အတူ နေထိုင်တာဖြစ်ပြီး ဖခင်ကိုလည်း ကွာရန်တင်းဝင်ရောက်ဖို့ ခေါ်ဆောင်သွားပြီဖြစ်ကာ ဓာတ်ခွဲစစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။




Share

Loading Next Article...
က္က