ပုဂ္ဂလိကကျောင်းဆရာမ တစ်ဦးလည်းဖြစ်ပါတယ်။
Ei Ei Htun

အင်းစိန်မြို့နယ်က လူနာနံပါတ်(၁၅၁) အမျိုးသမီးက အတည်ပြုလူနာများနဲ့လည်းထိတွေ့မှုမရှိထားသလို၊ ပြည်ပခရီးသွားရာဇဝင်လည်းမရှိထားတာကြောင့် ရောဂါကူးစက်ခံရမှုအကြောင်းအရင်းကို စစ်ဆေးရှာဖွေဆောင်ရွက်နေတယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။



လူနာအမျိုးသမီးက ပုဂ္ဂလိကကျောင်းဆရာမတစ်ဦးဖြစ်ပြီး သူအပါအဝင်အားလုံး(၇)ယောက်အဆောင်အတူငှားနေကြရာမှာ ကျန်တဲ့(၆)ဦးကိုလည်း ဆေးစစ်မှုတွေလုပ်ကာ အဆောင်နဲ့အနီးတစ်ဝိုက်ကိုတော့ Lock Down လုပ်ထားတာဖြစ်ပါတယ်။

“ လူနာကဘယ်ကနေတစ်ဆင့်ကူးလဲဆိုတော အဖြေရှာနေဆဲပါ။ သူတို့အတူနေတဲ့သူတွေဆီကပဲကူးလားဆိုတာကိုပေါ့။ ပုဂ္ဂလိကကျောင်းဆရာမ တစ်ဦးဆိုပေမယ့် ကျောင်းကပိတ်ထားတာ (၁)လကျော်လောက်ကြာပြီဆိုတော့ ကျောင်းကကူးတာတော့မဖြစ်နိုင်ဘူး။ သူအလုပ်လုပ်တဲ့ကျောင်းနာမည်နဲ့ အချက်အလက်တွေကိုတော့ ကျန်းမာရေးကအားလုံးသိပြီးပါပြီ” လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။ 

လူနာနံပါတ်(၁၅၁)အလုပ်လုပ်တဲ့ ကျောင်းနာမည်၊အချက်အလက်တွေနဲ့ ပတ်သက်ပြီး Duwun က ကျန်းမာရေးဌာနဘက်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဖုန်းလက်ခံဖြေကြားခြင်းမရှိသလို လူနာနံပါတ်(၁၅၁)နဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတာမျိုးယနေ့ထိမရှိသေးပါဘူး။

လူနာနံပါတ်(၁၅၁)က အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်မှာ အဆောင်ငှားနေထိုင်သူဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်ဥက္ကလာပမြို့နယ်က အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူလျှက်ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က