သြဂုတ်လ ၈ ရက်နေ့က စစ်တွေကို ပြန်ပြီး ၁၁ ရက်နေ့ကတည်းက ပြန်ရောက်နေသူဖြစ်ပါတယ်။

သြဂုတ်လ ၂၇ ရက်ည ၈ နာရီထုတ်ပြန်ချက်မှာ ပါရှိတဲ့ လူနာအမှတ် ၆၀၂ ဟာ မြောက်ဥက္ကလာပ မေဒါဝီဆေးရုံက အမျိုးသမီးဆရာဝန်တစ်ဦးဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့ကတည်းက စစ်တွေမြို့ကနေ ပြန်လာသူဖြစ်တယ်လို့ မြောက်ဥက္ကလာပ လွှတ်တော်ကိုယ်စားလှယ်များက Duwun ကို အတည်ပြုပြောကြားပါတယ်။

"ဆရာမကြီးက မြောက်ဥက္ကလာပ ဆေးရုံက ဆရာဝန်ပေါ့။ သူက ရခိုင်မလေးပေါ့။ ဂ ရပ်ကွက်၊ နီလာ ၄ လမ်းမှာနေတယ်။ အမြဲတမ်းကတော့ သူက မြောက်ဥက္ကလာပ မေဒါဝီဆေးရုံမှာနေတာပေါ့။ ဒါပေမဲ့ လိပ်စာက အဲဒီအတိုင်းဖြစ်နေတယ်။ သူက ရခိုင်ကို ပြန်တယ်ပြောတယ်။ မိဘက ရခိုင်မှာရှိတယ်" လို့ မြောက်ဥက္ကလာပ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) လွှတ်တော်အမတ် ဦးမြင့်လွင်က Duwun ကို ပြောပါတယ်။



အသက် ၃၃ နှစ်အရွယ် ဆရာဝန်အမျိုးသမီးဟာ စစ်တွေမြို့ကို သြဂုတ်လ ၈ ရက်နေ့က သွားပြီး ၁၁ ရက်နေ့က ပြန်ရောက်လာတာဖြစ်ကြောင်း နောက်ထပ် လွှတ်တော်အမတ်တစ်ဦးက အတည်ပြုပါတယ်။ "ဆရာဝန်က ၈ ရက်နေ့က စစ်တွေသွားတယ် ပြောတယ်။ ၁၁ ရက်နေ့က ပြန်လာတာ။ သူ့မိဘတွေက စစ်တွေမှာရှိတယ်" လို့ မြောက်ဥက္ကလာပ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) လွှတ်တော်အမတ် ဦးဇော်လွင်က ပြောပါတယ်။

မြောက်ဥက္ကလာပ မေဒါဝီဆေးရုံကြီး (ဓာတ်ပုံ - Min Sein Facebook)

လူနာက ဆေးရုံမှာပဲ နေထိုင်တာဖြစ်တဲ့အတွက် လူနာနဲ့ထိတွေ့မှုရှိသူအရေအတွက်အပါအဝင် တခြားအချက်အလက်တွေကို မြောက်ဥက္ကလာပ မေဒါဝီဆေးရုံကသာ သိမှာဖြစ်ပြီး ဆေးရုံအုပ်ကြီးကို အဆက်အသွယ်လုပ်လို့ မရသေးကြောင်း ဦးမြင့်လွင်က ပြောပါတယ်။ မြောက်ဥက္ကလာပ ဆေးရုံအုပ်ကြီးထံ Duwun က ဆက်သွယ်ကြည့်ရမှာလည်း ဆက်သွယ်လို့ မရရှိသေးပါဘူး။

"ညက ၄ လမ်းကရော၊ ၅ လမ်းကရော လူနာတင်ယာဥ်နဲ့ လာခေါ်သွားတယ်။ နှစ်ယောက်လာခေါ်သွားတယ်။ မြောက်ဥက္ကလာက ဆရာဝန်မတွေလို့ ကြားတယ်။ လမ်းထဲကလူတွေတောင် အဲဒီဆရာမတွေကို မမြင်ဖူးဘူး" လို့ နီလာ ၄ လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ယနေ့ (သြဂုတ်လ ၂၈ ရက်) မနက်ပိုင်းအထိ အတည်ပြုလူနာ ၆၂၈ ဦး တွေ့ရှိထားပြီး သေဆုံနေးသူ ၆ ဦးနဲ့ ရောဂါကင်းစင်သူ ၃၄၉ ဦး ရှီပါတယ်။ လတ်တလော ကုသမှုခံယူနေတဲ့ လူနာက ၂၇၃ ဦးရှိပြီး ယင်းအထဲမှ ၂၀၀ နီးပါးက ရခိုင်ပြည်နယ်မှာ ကုသမှုခံယူနေတဲ့ လူနာများ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က