အားလုံးကို ဒီနေ့ သြဂုတ်လ ၂၃ရက်မှာ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူပြီး စစ်ဆေးဖို့ ရန်ကုန်ကို ပို့နေပါပြီ။

အားလုံးကို ဒီနေ့ သြဂုတ်လ ၂၃ရက်မှာ နှာခေါင်းတို့ပတ် အာခေါင်တို့ပတ််််ယူပြီး စစ်ဆေးဖို့ ရန်ကုန်ကို ပို့နေပါပြီ။

လူနာအမှတ် (၄၁၃) က NGO ဝန်ထမ်းတစ်ဦးဖြစ်ပြီး သံတွဲမြို့မှာ သွားလာထားတာကြောင့် ဆက်စပ်ထိတွေ့ခဲ့တဲ့ လူ ၃၀ ကျော်အပါအဝင် (၅၀)နီးပါးရဲ့ ဓာတ်ခွဲနမူနာများကို စစ်ဆေးဖို့ရှိနေတယ်လို့ သံတွဲမြို့နယ် ကျန်းမာရေးဌာနက တာဝန်ရှိသူတစ််ဦးက Duwun ကို ပြောပါတယ်။



"သူနဲ့ ဆက်စပ်ထိတွေ့သူက ၃၀ ကျော်လောက် ရှိပါတယ်။ ထမင်းဆိုင် ၂ ဆိုင်ကို လော့ဒေါင်းတွေ လုပ်ထားတယ်။ သူတို့တည်းခဲ့တဲ့ Resort ကို လော့ဒေါင်းလုပ်ထားတယ်။ အခု သူတို့ swab (နှာခေါင်းတို့ဖတ်) ကို ရန်ကုန်ကို သွားပို့နေပါပြီ။ အားလုံးပေါင်းဆိုရင် ၅၀ ကျော်လောက် ပို့ထားပါတယ်" လို့ သူက ဆိုပါတယ်။

နောက်ထပ် ၂၀ နီးပါးက စစ်တွေက ပြန်လာသူတွေ၊ အခြားအတည်ပြုလူနာတွေနဲ့ ဆက်နွယ်နေသူတွေကို စစ်ဆေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ သြဂုတ်လ ၂၃ရက် မနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တဲ့ သံတွဲမြို့နယ်က ကိုဗစ်လူနာအမှတ် (၄၄၃) နဲ့ (၄၄၄) ကတော့ စစ်တွေမြို့ကနေ ဝင်လာတဲ့သူဖြစ်ကာ ကွာရန်တင်းစင်တာမှာ ထားရှိရင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလူနာနှစ်ဦး စစ်တွေကနေ သံတွဲကို ရောက်လာတဲ့အချိန်မှာ ကွာရန်တင်းစင်တာကို တိုက်ရိုက်ပို့ဆောင်ခဲ့တာကြောင့် သူတို့နဲ့ ဆက်စပ်ထိတွေ့သူ သံတွဲမြို့နယ်မှာတော့ မရှိဘူးလို့ အဆိုပါတာဝန်ရှိသူက Duwun ကို ပြောပါတယ်။

တစ်လကြာ ပြည်တွင်းကူးစက် မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက်ကစပြီး အတည်ပြုလူနာ တစ်ဦးတွေ့ရှိခဲ့ကာ အခုဆိုရင် စစ်တွေ၊ မြောက်ဦးနဲ့ သံတွဲတို့မှာ အတည်ပြုလူနာများတွေ့ရှိထားပြီး သြဂုတ်လ ၂၃ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်အထိ စုစုပေါင်း ၅၃ ဦးရှိနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က