ဒီကနေ့မှ နှာခေါင်းတို့ပတ် ရယူထားတာပါ။

လူနာ နံပတ် (၃၇၈)နဲ့ ထိတွေ့ထားတဲ့ မြောက်ဥက္ကလာပမြို့နယ်က (၁၅)ဦးကို ဒီနေ့ညပိုင်းမှသာ ဓာတ်ခွဲစစ်ဆေးမှာဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးမှူးထံကနေ သိရပါတယ်။

ဒီကနေ့ ညပိုင်းမှာတော့ လူနာနံပတ် (၃၇၈) နဲ့ထိတွေ့ထားတဲ့ ရန်ကုန်ကလူတွေမှာ ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ ကောလာဟလသတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေး ဦးစီးမှူးက အတည်ပြုပြောကြားခဲ့တာပါ။



“အခုချိန်ထိ အဖြေမသိရသေးပါဘူး။ ဒီနေ့မှ နှာခေါင်းတို့ပတ်ယူတာဆိုတော့ အဖြေသိရရင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါလိမ့်မယ်။ ဒီ (၁၅) ဦးထဲက positive ထွက်နေတယ်ဆိုတာ ကောလဟလ သတင်းတွေထွက်နေတာပါ” လို့ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဥမ္မာဆွေက Duwun ကို ပြောပါတယ်။ ကွာရန်တင်း ဝင်ရောက်နေတဲ့ မြောက်ဥက္ကလာပမြို့နယ်က (၁၅)ဦးမှာ ရောဂါပိုးတွေ့ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ (၈)နာရီထုတ်ပြန်ချက်မှာ ပါရှိခဲ့ခြင်းမရှိပါဘူး။

ဒီကနေ့ ည စစ်တွေက ထပ်တိုးလူနာ (၁၀) ဦးမှာလည်း (၁၀)နှစ်အရွယ် ကလေးတစ်ဦးပါဝင်ခဲ့ပြီး (၆)ဦးက အတည်ပြုလူနာတွေနဲ့ ထိတွေ့ထားမှု မရှိတဲ့သူတွေ ဖြစ်ပါတယ်။ လူနာနံပတ် (၃၇၈)နဲ့ ထိတွေ့ထားတဲ့ မြောက်ဥက္ကလာက (၁၅) ဦးရဲ့ ဓာတ်ခွဲအဖြေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ ရက်ပိုင်းအတွင်း ထုတ်ပြန်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။



Share

Loading Next Article...
က္က