ကွာရန်တင်း ရက်ပြည့်အောင်တော့ ဆက်နေရမှာပါ။

လူနာအမှတ် (၃၇၈)နဲ့ ထိတွေ့ထားတဲ့ မြောက်ဥက္ကလာပမြို့နယ်က(၁၅)ဦးရဲ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေက အားလုံး Negative ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဓာတ်ခွဲ စစ်ဆေးမှုအဖြေကိုသိရှိခဲ့ရတာဖြစ်ပြီး အားလုံးမှာ COVID-19 ရောဂါပိုးမတွေ့ရှိဘူးလို့ မြောက်ဥက္ကလာပမြို့နယ်ကျန်းမာရေးဦးစီးမှူးက အတည်ပြု ပြောကြားခဲ့တာပါ။ “ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်မှာဘဲ အဖြေသိရတယ်။ အားလုံး negative ပါ။ ရောဂါပိုးမတွေ့ရှိပေမယ့် ကွာရန်တင်းရက်ပြည့်အောင်တော့ ဆက်နေရမှာပါ။ လိုအပ်ရင် နောက်ထပ် ဓာတ်ခွဲစစ်ဆေးမှုတွေလည်း ထပ်လုပ်သွားမှာပါ” လို့ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဥမ္မာဆွေက Duwun ကိုပြောပါတယ်။



စစ်တွေက လူနာအမှတ်(၃၇၈)နဲ့ ထိတွေ့ထားတဲ့ မြောက်ဥက္ကလာမြို့နယ်က ၁၅ဦးရဲ့ဆေးစစ်ချက်အဖြေက ရန်ကုန်မှာ ပြည်တွင်းကူးစက်မှုဖြစ်ပေါ်လာနိုင်တဲ့အခြေအနေရှိတာကြောင့် အားလုံးစိတ်ဝင်တစားစောင့်ကြည့်နေကြသလို ကောလာဟလသတင်းတွေလည်းထွက်ခဲ့ပါတယ်။ လူနာအမှတ်(၃၇၈)နဲ့ရန်ကုန်မှာထိတွေ့ထားသူအားလုံးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ခြင်းမရှိတဲ့အတွက် မေလ ၁၇ရက်နောက်ပိုင်း ရန်ကုန်မှာ ပြည်တွင်းကူးစက်မှုမတွေ့ရှိတော့တဲ့ စံချိန်ကို ဆက်ထိန်းထားနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ (၈)နာရီထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်မှာ လူနာသစ် ၆ ဦး ထပ်တိုးခဲ့ပြီး စစ်တွေက (၅)ဦးနဲ့ မြောက်ဦးက (၁)ဦးတို့ဖြစ်ပါတယ်။ ကိုဗစ် ဒုတိယလှိုင်းကို ခံစားနေရတဲ့ ရခိုင်ပြည်မှာ ဩဂုတ်လ (၁၆)ရက်နေ့ကနေ ဒီကနေ့ည ထုတ်ပြန်ချက်အထိ တစ်ပတ်အတွင်း ပြည်တွင်းကူးစက်လူနာ (၅၁)ဦးထိရှိပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က