စုစုပေါင်း ရောဂါပျောက်ကင်းသူ (၂၇)ဦးထိရှိလာပါပြီ။

မြန်မာနိုင်ငံအတွင်း COVID 19 ရောဂါဖြစ်ပွားသူများအနက် ဆေးစစ်ဆေးချက်အဖြေ Negative နှစ်ကြိမ်ဆက်တိုက်ပြကာ ရောဂါပျောက်ကင်းသူ နောက်ထပ် (၁၁)ဦး ထပ်တိုးလာတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

မနေ့က ဧပြီလ (၂၈)ရက်နေ့ထိ ရောဂါပျောက်ကင်းသူ (၁၆)ဦးကို ဆေးရုံက ဆင်းခွင့်ပြုထားကြောင်းသိရပြီး ဒီကနေ့ ထပ်တိုး (၁၁)ယောက်ကြောင့် မြန်မာနိုင်ငံမှာ COVID 19 ဖြစ်ပွားသူများအနက် ရောဂါပျောက်ကင်းသူ (၂၇)ဦးထိရှိလာပါပြီ။ ဒီနေ့ ရောဂါပျောက်ကင်းသူ (၁၁)ဦးစာရင်းမှာ မြန်မာနိုင်ငံမှာ COVID 19ရောဂါပထမဆုံး စတင်ကူးစက်ခံစားခဲ့ရတဲ့ တီးတိန်က လူနာနံပါတ်(၁)လည်းပါဝင်ခဲ့ပါတယ်။ 



လူနာ (၁၁)ဦးလုံးရဲ့ နံပါတ်တွေကတော့ (၁)၊ (၂)၊ (၈)၊ (၃၂)၊ (၃၃)၊ (၃၈)၊ (၄၁)၊ (၄၇)၊(၅၀)နဲ့ (၅၈)တို့ဖြစ်ပြီး ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်မှာတော့ ရောဂါပိုးတွေ့ရှိသူ ထပ်တိုးလူနာ မရှိပါဘူး။ ဒီကနေ့မှာပဲ အသက်(၆၃)နှစ်အရွယ် လူနာနံပါတ် (၁၁၀)သေဆုံးသွားခဲ့ပြီး အဆိုပါလူနာက ဆီးချို သွေးတိုး ရောဂါအခံလည်းရှိသလို ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ( ၁၅၀) ဦးထိရှိနေပြီး သေဆုံးသူ(၆)ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ (၂၇ )ဦးထိရှိနေပါပြီ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က