Pan Pacific ဝန်ထမ်း လူနာနံပါတ် (၁၃၉) ရဲ့ ခင်ပွန်းသည်ဖြစ်ပါတယ်။

လူနာနံပါတ် ၁၄၆ ဟာ Pan Pacific ဝန်ထမ်း လူနာနံပါတ် (၁၃၉) ရဲ့ ခင်ပွန်းသည်ဖြစ်ပြီး စောင့်ကြည့်နေချိန်ကာလအတွင်းမှာပဲ ရောဂါပိုးရှိ အတည်ပြုလူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့ မနက် (၇) နာရီအချိန်ခန့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့ ထပ်တိုးလူနာ ၂ ဦးမှာ တစ်ဦးက လူနာနံပါတ် ၁၃၉ ရဲ့ ခင်ပွန်းသည်လို့ သိရပါတယ်။ ကမာရွတ်မြို့နယ် (၁) ရပ်ကွက် ၊ အောင်မေတ္တာ (၁) လမ်းမှာ နေထိုင်သူဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ကာ ကွာရန်တင်းစောင့်ကြည့်နေစဥ်မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။



"အဲဒီ လူနာက (၁) ရပ်ကွက်ကလေ..၊ သူ့ဇနီးသည်က Pan Pacific ဝန်ထမ်း။ သူ့ဇနီးသည်ကို ရောဂါပိုးတွေ့ရှိတော့ သူ့ကိုပါ စောင့်ကြည့်အနေနဲ့ ထားရှိလိုက်တာ။ အစက သူ့အမျိုးသမီးက အလုပ်များတော့ မတွေ့ဖြစ်ကြဘူးလို့ ‌ပြောတယ်။ ဒါပေမယ့် သူတို့က ဧပြီလ ၁၉ ရက်နေ့မှာ တွေ့ဖြစ်ကြတယ်လို့ ထပ်ပြောတယ်။" လို့ ကမာရွတ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက Duwun ကိုပြောပါတယ်။

ဇနီးသည် လူနာနံပါတ် ၁၃၉ ကိုတော့ လှိုင်မြို့နယ်မှာ စတင်တွေ့ရှိခဲ့တဲ့ လူနာအဖြစ်ကြေညာထားတာဖြစ်ပြီး အတည်ပြုလူနာ (၇၉) နဲ့ ထိတွေ့ခဲ့တာကြောင့် ဟိုတယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့် ချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ ။ နေထိုင်ရာ ရွာမကျောင်းလမ်းက အောင်မေတ္တာ (၁) လမ်းက နေအိမ်ကိုတော့ လူနာ နံပါတ် ၁၃၉ ကို စတင်တွေ့ရှိချိန်ကတည်းက လော့ဒေါင်းချထားခဲ့ပြီး ဖြစ်ပါတယ်။ လူနာနံပါတ် (၁၄၆)ကိုတော့ တောင်ဥက္ကလာပအထူးကုဆေးရုံကို ပြောင်းရွှေ့ကုသမှာဖြစ်ပါတယ်။ ဒီကနေ့ထိ မြန်မာနိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိလူနာ ၁၄၆ ယောက် ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိနေပြီဖြစ်ကာ ပြန်လည်ကောင်းမွန်လာသူမှာ ၁၀ ဦးရှိနေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က