လက်ရှိမှာတော့့ အဆိုပါ ပရဟိတဝန်ထမ်းနှစ်ဦးကို Quarantine ထားရှိလိုက်ပြီလို့လည်း သိရပါတယ်။
Kyaw Ko Ko Sint

ရန်ကုန်‌ကနေ မိုးညှင်းကို တန်းပြန်သွားပြီး မိုးညှင်းရောက်ရောက်ချင်း Quarantine ဝင်ခဲ့တာကြောင့် မိုးညှင်းက မိသားစုတွေနဲ့တော့ ထိတွေ့မှုမရှိထားဘဲ ရန်ကုန်မှာ ရှိနေစဉ်က ဝန်ထမ်းတွေနဲ့တာ့ ထိတွေ့မှုရှိထားသူဖြစ်ပါတယ်။

မိုးညှင်းမြို့နယ်က အသက် ၂၄နှစ်အရွယ် အတည်ပြုလူနာ နံပါတ် (၁၄၄)ကို ရန်ကုန်ကနေ မိုးညှင်းကို လိုက်ပါပို့ ဆောင်ပေးခဲ့တဲ့ ပရဟိတဝန်ထမ်းနှစ်ဦးကို ရှာဖွေတွေ့ရှိပြီး Quarantine ဝင်နေစေပြီလို့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းကDuwun ကိုပြောပါတယ်။

ဒီကနေ့ ဧပြီလ ၂၅ရက်နေ့မှာပဲ ပရဟိတဝန်ထမ်းနှစ်ဦးနေထိုင်ရာ ကမာရွတ်မြို့နယ်(၃)ရပ်ကွက်ရှိ ပေ၅၀၊၅၁ လမ်းက ကန်ထရိုက်တိုက်တစ်လုံးနဲ့ မြဇေယျာလမ်းသွယ်က အမှတ်(၅)နေအိမ်တို့ကို Lock Down လုပ်ထားပြီ လည်း ဖြစ်တယ်လို့သိရပါတယ်။

“မိုးညှင်းက လူနာကို လိုက်ပို့တဲ့ ပရဟိတဝန်ထမ်းနှစ်ဦးကို ကွင်းဆက်ရှာတွေ့ခဲ့ပြီး အခုဆိုရင်တော့ သံပျင်ဆောင် မှာ Quarantine ဝင်နေစေပြီဖြစ်ပါတယ်။သူတို့နှစ်ဦးအပါအဝင် လိုက်ပါပို့ဆောင်စဉ်တုန်းက အသုံးပြုခဲ့တဲ့ ကားကိုလည်း တပါတည်း Quarantine လုပ်ထားပါတယ်။”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း ကပြောပါတယ်။

မိုးညှင်းမြို့က လူနာနံပါတ် (၁၄၄)ကတော့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်က ချန်းရိ ဖိနပ်စက်ရုံမှာ တရုတ်စကားပြန်အလုပ်လုပ်ကိုင်နေသူပါ။ 

စက်ရုံမှာ မတ်လက အလုပ်စဝင်ခဲ့တာဖြစ်ပြီး ဧပြီလအစပိုင်းလောက်မှာ ကျန်းမာရေးမကောင်း ဖြစ်လာတဲ့ အတွက် အတွက် ဧပြီလ (၁၅)ရက်နေ့က ရန်ကုန်ကနေပြန်လာပြီး မိုးညှင်းကို (၁၆)ရောက်နေ့မှာ ရောက်ရှိလာသူ ဖြစ်ပါတယ်။ 

မိုးညှင်းရောက်ရောက်ချင်း Quarantine တန်းဝင်ခဲ့တာကြောင့် မိုးညှင်းက မိသားစုတွေနဲ့တော့ ထိတွေ့မှုမရှိထားဘဲ ရန်ကုန်မှာ ရှိနေစဉ်က ဝန်ထမ်းတွေနဲ့တာ့ ထိတွေ့မှုရှိထားသူဖြစ်ပါတယ်။

အဆိုပါ စက်ရုံမှာတော့ ဝန်ထမ်းပေါင်း ၉၀၀၀ကျော်ရှိပြီး သက်ဆိုင်ရာနေရာတွေမှာ Quarantine ဝင်ရောက်ကြ ဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က