တီးတိန်မြို့က လူနာအမျိုးသားဖြစ်ပါတယ်။
Ei Ei Htun

မြန်မာနိုင်ငံမှာ ပထမဆုံး COVID 19 ရောဂါပိုးတွေ့ရှိခံစားခဲ့ရတဲ့ ချင်းပြည်နယ် တီးတိန်မြို့က လူနာနံပါတ်(၁)က ရောဂါစတင်ဖြစ်ပွားခဲ့စဉ်ကတည်းက ယနေ့ထိကျန်းမာရေးကောင်းမွန်လျှက်ရှိနေပေမယ့် ဆေးစစ်ဆေးချက်အဖြေကတော့ (၅)ကြိမ်လုံး positive ပြနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလ(၁၇)ရက်နေ့က (၅)ကြိမ်မြောက်ဆေးစစ်ဆေးခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့အထိ ဆေးစစ်ဆေးချက်တွေလုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

“ (၅)ကြိမ်မြောက်ဆေးစစ်ချက်အဖြေအထိ positive ပြနေတုန်းပါပဲ။ ဒါပေမမယ့် သူက ရောဂါစဖြစ်ကတည်းက ခုချိန်ထိ ဘာရောဂါလက္ခဏာမှမခံစားရဘဲ ကျန်းမာရေးကောင်းမွန်တယ်။ ကျန်းမာရေးကောင်းနေရဲ့နဲ့ (၅)ကြိမ်ဆက်တိုက် ရောဂါပိုးရှိနေသေးတယ်ဆိုတော့ နဲနဲတော့စိုးရိမ်တယ်။ ဘာလို့လဲဆို သူကနေတစ်ဆင့် ကူးစက်မှုတွေရှိလာမှာစိုးလို့ပါ" လို့ ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့ပါတယ်။

လူနာနံပါတ် (၁)ကအမေရိကန်နိုင်ငံကပြန်လာသူဖြစ်ပြီးမတ်လ(၂၃)ရက်နေ့မှာ ရောဂါပိုးစတင်တွေ့ရှိခဲ့ရာ ဒီနေ့ဆို တစ်လတိတိရှိပြီဖြစ်ပါတယ်။

သူကနေတစ်ဆင့် သူ့ရဲ့မိခင်ကိုပါကူးစက်ထားပြီး တီးတိန်ပြန်လာစဉ်မှာ လမ်းမှာ တည်းခိုခဲ့တဲ့ နေအိမ်က အိမ်ရှင်အမျိုးသမီးကိုပါ ရောဂါပိုးကူးစက်ခံထားရတာဖြစ်ပါတယ်။

သူရဲ့မိခင်နဲ့ အိမ်ရှင်အမျိုးသမီးတို့မှာလည်း ရောဂါလက္ခဏတွေမပြခဲ့ဘဲ ဆေးစစ်ဆေးခဲ့ရာမှာသာ ရောဂါပိုးတွေ့ရှိခဲပတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အဆိုပါလူနာအမျိုးသမီးနှစ်ဦးရဲ့ ကျန်းမာရေးမှာကောင်းမွန်လျှက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံရဲ့ COVID19 အတည်ပြုလူနာ (၁၂၇)ဦးမှာ ချင်းပြည်နယ်က (၅)ဦးပါဝင်လျှက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က