ပရာသက်ချန်ခရိုင်ထဲက ကြံခင်းမှာဖြစ်ခဲ့တာပါ။
Hmue Eain Zaw

ထိုင်းနိုင်ငံမှာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူကို ဝိုင်းဝန်းသတ်ဖြတ်ခဲ့တဲ့ မြန်မာ ၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

Photo - Bangkok Post



အသတ်ခံရသူ အပါအဝင် မြန်မာ ၅ ယောက်ဟာ ထိုင်းနိုင်ငံ ပရာသက်ချန်ခရိုင်ထဲက ကြံခင်းမှာ အတူတကွ အလုပ်လုပ်ကိုင်သူတွေဖြစ်ကြပြီး လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အလုပ်အပြီး လုပ်ဖော်ကိုင်ဖက်တွေ အတူအရက်ထိုင်သောက်နေစဉ်မှာ ဦးမောင်ဦးဆိုသူက သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဇူရင်းရဲ့ဇနီးနဲ့ လိင်ဆက်ဆံလိုတယ်လို့ ပြောကြားခဲ့တာကြောင့် ဇူရင်းအပါအဝင် ကျန်တဲ့သူတွေက ဒေါသဖြစ်ပြီး ဝိုင်းဝန်းသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရဲစစ်ချက်မှာ ထွက်ဆိုထားပါတယ်။

Photo - Bangkok Post

ဦးမောင်ဦးရဲ့ အလောင်းကို လမ်းဘေးက သစ်ပင်တစ်ခုအနားမှ ာရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပြီး ထွက်ပြေးသွားတဲ့ ၄ ယောက်ကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ထွက်ပြေးတဲ့သူတွေထဲက ၃ ယောက်ဟာ ကြံစိုက်ခင်းထဲမှာ ဝင်ရောက်ပုန်းအောင်နေခဲ့တာဖြစ်ပြီး ယမန်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သူတို့ဆီက ရရှိတဲ့ သတင်းတွေအရ ဇူရင်းကိုတော့ ဖီချစ်စီရင်စု ရဲစခန်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က