ထက်ဝက်ကျော်လောက်က ဘေးအန္တရာယ်ရှိလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေရတယ်လို့ ၂၀၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်း မှာဖော်ပြထားပါတယ်။
Ye Yint Htay

လုပ်ငန်းခွင်တွေမှာအသက် ၁၄နှစ်အောက်ကလေးတွေကို အလုပ်ခိုင်းစေခြင်းမပြုဖို့ အလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း က သတိပေး ပြောဆိုလိုက်ပါတယ်။

အသက်၁၄နှစ်အောက်ကလေးငယ်တွေကို လုပ်ငန်းခွင်မှာခိုင်းစေနေမယ်ဆိုရင်ထောင်ဒဏ်၊ ငွေဒဏ်၂ရပ်စလုံးကျခံရမယ့် အခြေအနေမှာရှိတယ်လို့ဆိုပါတယ်။ ၁၉၅၁ ခုနှစ်အလုပ်ရုံများအက်ဥပဒေ၊၂၀၁၆ ခုနှစ်ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ၊ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေတွေနဲ့ အရေးယူနိုင်တာဖြစ်တယ်လို့ ဇူလိုင် ၃၀ရက်ကပြုလုပ်ခဲ့တဲ့ ( ILO - international labor organization) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့Online စာနယ်ဇင်း ရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ်ဦးညွန့်ဝင်းကပြောဆိုခဲ့တာဖြစ်ပါတယ်။

“အရေးယူဖို့ ပြောနေတယ်ဆိုတာကလည်းလူတွေကအရေးယူမှကြောက်ကြတာကို။ သတိထားရမယ့် အချက်က ဘာလဲဆိုတော့ ပြစ်မှုကတစ်ခုထဲကျူးလွန်လည်း ဥပဒေ ၃ ခုလောက်နဲ့ အရေးယူခံရမယ့် အနေအထားမျိုးရှိပါတယ်။ အသိပညာပေးကာလကို ကျော်သွားပြီးရင်လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေအရကန့်သတ်ထားတဲ့ အသက်အရွယ်အောက်မှာကလေးတွေ၊ ကလေးသူငယ်တွေကို မိမိရဲ့ လုပ်ငန်းခွင်မှာ အခကြေးငွေနဲ့ဖြစ်စေအခမဲ့ဖြစ်စေ မခိုင်းတာက အကောင်းဆုံးလို့ပဲ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာအဖွဲ့ ILO ရဲ့ အနိမ့်ဆုံး အသက်အရွယ် သတ်မှတ်ခြင်းဆိုင်ရာပြဌာန်းချက် အမှတ် ၁၃၈ ကို လိုက်နာကျင့်သုံးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက် က အတည်ပြု လိုက်တာကြောင့် လာမယ့်၂၀၂၁ ခုနှစ် ဇွန် လ ၈ ရက်နေ့ကစပြီး လိုက်နာကျင့်သုံးရမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ကလေးဦးရေ ၁၂ သန်းကျော်မှာ ၁.၁၃ သန်းကျော်(ကလေးဦးရေရဲ့ ၉ ဒသမ ၃ ရာခိုင်နှုန်း)က ကလေးအလုပ်သမားအဖြစ်ရှိနေပါတယ်။ကလေးအလုပ်သမားတွေထဲကမှ ထက်ဝက်ကျော်လောက်က ကိုယ်ခန္ဓာ၊ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ဘေးအန္တရာယ်ရှိလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေရတယ်လို့ ၂၀၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်းမှာ ဖော်ပြထားပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ


Author

  • Ye Yint Htay

    Producer/Editor (Duwun Sports)


က္က