loading...

loading...

loading...

COVID-19 ရောဂါကို WHOက ကမ္ဘာ့ ကပ်ရောဂါအဖြစ်ကြေညာခဲ့ပါတယ်။
Ei Ei Htun

COVID –19 ရောဂါကြောင့် လူစုလူဝေးနဲ့ ကျင်းပရမယ့် ပွဲတော်တွေနဲ့ ပတ်သက်လို့ အစိုးရဘက်က စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်တော့မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ UPDJC အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အခုလိုစည်းကမ်းချက်တွေသတ်မှတ်ဖို့အတွက် ဒီကနေ မတ်လ(၁၂)ရက်နေ့ နေ့လယ်ပိုင်းမှာတော့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေနဲ့ အစည်ဝေးကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။

“ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး WHOကလည်း ကမ္ဘာ့ ကပ်ရောဂါအဖြစ်ကြေညာခဲ့ပါတယ်။ ဒါနဲ့ဆက်စပ်ပြီးပြောရမယ်ဆိုရင် လူစူလူဝေးလုပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရကနေ စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်မှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်မတို့ ဒီကနေ့ နေ့လယ်မှာအစည်းအဝေးရှိပါတယ်"လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့တာပါ။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID -19 ရောဂါဖြစ်ပွားမှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ(၁၁)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ကလည်း WHOရဲ့ ထုတ်ပြန်ချက်နဲ့အညီ လုပ်ဆောင်ရန်ရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ 

လူစုလူဝေးပွဲတွေနဲ့ ပတ်သက်လို့ မကြာခင်မှာကျရောက်တော့မယ့် သင်္ကြန်ပွဲတော်ကိုလည်း တိုင်းအစိုးရတွေအနေနဲ့ ကျင်းပဖို့ သင့်၊ မသင့်ကို အစိုးရရဲ့ လမ်းညွှန်မှာကြားမှုတွေယနေ့ထိမရှိသေးတဲ့အတွက် ပြင်ဆင်မှုတွေဘာမှလုပ်ဆောင်ထားတာတွေမရှိသေးဘူးလို့လည်း ရန်ကုန်မြို့တော်စည်ပင်ကနေသိရပါတယ်။ 

အစိုးရအနနဲ့ကတော့ လူစုလူဝေးပွဲတွေနဲ့ ပတ်သက်လို့ ဒီကနေ့ မတ်လ(၁၂)ရက်နေ့အစည်းအဝေးအပြီးမှာ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်တော့မှာပါ။


ဆက်စပ်အကြောင်းအရာများ


loading...

က္က