နောက်ထပ် လေးနှစ်ခွဲ စီမံကိန်းအတွက် ထောက်ပံ့တာပါ။
Mi Thawdar Aung

Myjustice အဖွဲ့ဟာ နွမ်းပါးပြီး ဥပဒေရေးရာ အသိပညာအားနည်းတဲ့ ပြည်သူတွေကို အကူအညီပေးနေပြီး လက်ရှိ တိုင်းနဲ့ ပြည်နယ် (၆) ခုမှာ တရားမျှတရေး အခမဲ့ စင်တာတွေ ဖွင့်လှစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

“တရားမျှတ နေ့စဉ်ဘဝ” အနုပညာပြပွဲ

မြန်မာနိုင်ငံမှာ တရားမျှတမှုဆိုင်ရာ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် လူတိုင်း တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးနေတဲ့ Myjustice အဖွဲ့ကို ဥရောပသမဂ္ဂ ကနေ ယူရို သန်း ၂၀ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

လေးနှစ်ခွဲ ဆောင်ရွက်ခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ဥပဒေတွေဟာ ခေတ်နဲ့ မလျော်ညီတော့တာတွေ၊ လူထုက တရားရုံးတွေကို ကြောက်နေတယ်ဆိုတဲ့ အချက်တွေက တရားမျှတမှု လုပ်ဆောင်ရာမှာ စိန်ခေါ်မှု တစ်ရပ်လို ဖြစ်နေသေးတယ်လို့ Myjustice အဖွဲ့ ခေါင်းဆောင် Caitlin Reiger က ဆိုပါတယ်။

“ မြန်မာနိုင်ငံကို တရားမျှတမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့နေရာမှာ နိုင်ငံက ကြီးတယ်။ လူဦးရေကများတယ်။ အားလုံးအတွက် တရားမျှတမှု မပေးနိုင်ဘူး။ ဥပဒေကလည်း အရင်ခေတ်က ဥပဒေတွေ။ မျှတတယ်လို့ မဆိုနိုင်ဘူး။ လူထုကလည်း တရားရုံးတွေကို ကြောက်နေတယ်။ ဒါတွေကို ကျော်လွှားနိုင်ရမယ်။ ပြောင်းလဲနိုင်ရမယ်ဆိုတဲ့ အချက်ကတော့ အဓိက ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေပါပဲ။ “ လို့ Caitlin Reiger ပြောပါတယ်။

လက်ရှိတော့ Myjustice အဖွဲ့ကဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ တရားမျှတမှုကို ပုံဖော်ထားတဲ့ “တရားမျှတ နေ့စဉ်ဘဝ” အနုပညာပြပွဲကို နိုဝင်ဘာ ၁၆ ရက်က နိုဝင်ဘာ ၃၀ ရက်အထိ ဆူးလေရှိ Old Tourist Burma Buildings အဆောက်အဦးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ဒီအနုပညာပြပွဲမှာတော့ တရားမျှတမှု ဆိုင်ရာ နဲ့ ပတ်သက်တဲ့ပန်းချီ၊ ဇာတ်လမ်းတို၊ သရုပ်ဖော်မှု အစရှိတဲ့ ဖန်တီးမှု အမျိုးမျိုးကို ပြသထားပြီး အခမဲ့ လာရောက်လေ့လာနိုင်ပါတယ်။ 


က္က