ကျောင်းသားလူငယ်တွေရဲ့ ထက်ဝက်ခန့်က ၁၄ နှစ်မတိုင်ခင်အရက်သောက်ကြတယ်ဆိုပါတယ်.
ကျောင်းသားလူငယ်တွေကြားမှာ အရက်သောက်သုံးမှုမြင့်တက်လာနေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။

Photo - Nyaunt Aung



အရက်သောက် သုံးခြင်းနဲ့ ကပတ်သက်ပြီး ၂၀၀၇ ခုနှစ်မှာ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၆ ခုနှစ်မှာ ၄ ဒသမ ၃ရာခိုင်နှုန်းအထိ များလာတယ်လို့ဆိုပါတယ်။

ဒါကြောင့် အခုဆိုရင် ကျောင်းသားလူငယ်တွေရဲ့ တစ်ဝက်ခန့် ဟာ အသက် ၁၄ နှစ်မတိုင်ခင် အရက်ကို စတင်သောက်သုံးနေကြတာကိုတွေ့ရှိရတယ်လို့ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ဒါ့အပြင် ကွမ်းယာ စတဲ့အငွေ့မထွက်တဲ့ ဆေးရွက်ကြီးသုံးစွဲမှုဟာလည်း ၂၀၀၇ ခုနှစ်မှ ၃ ဒသမ ၆ ရာခိုင်နှုန်းကနေ ၂၀၁၆ ခုနှစ်မှာ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ (2016) Myanmar Global School Health Survey –GSHS ကို ကိုးကားပြီး ပြောပါတယ်။

ဆေးလိပ်သောက်သုံးမှုဟာလည်း တစစမြင့်တက်လာနေပြီး ကျောင်းပရဝုဏ်ကနေ ပေ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုရ၊ အသက်၁၈နှစ် မပြည့်သေးသူတွေကို ဆေးလိပ် ရောင်းချခြင်း ဒါမှမဟုတ် ပေးကမ်းခြင်းမပြုရလို့ဆိုထားပေမယ့် အရေးယူမှုအားနည်းနေတာတွေ့ရတယ်လို့ သူကပြောပါတယ်။

၂၀၁၈ခုနှစ် စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် အချက်အလက်တွေအရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေရဲ့ ၄၂ ရာခိုင်နှုန်းသာ ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်တွေလုပ်နိုင်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က