အမျိုးသမီးပါဝင်မှုက(၁)နှစ်ထက် တစ်နှစ်များလာတာပါ။
Ei Ei Htun

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှာ အမျိုးသမီးထုပါဝင်မှုရာခိုင်နှုန်းက ထက်ဝက်ကျော်နေတာကြောင့် အမျိုးသားတွေပါဝင်လာမှုကိုလည်း တိုးတက်စေချင်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။ 

အမျိုးသမီးလုပ်ငန်းရှင်တွေက (၆၀)ရာခိုင်နှုန်းနီးပါးလောက်ပါဝင်နေတယ်လို့သိရပါတယ်။ အမျိုးသမီးတွေပါဝင်လာမှုဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတဲ့အတွက် အမျိုးသားတွေကိုလည်း တန်းတူတိုးတက်စေချင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စတုတ္တအကြိမ်မြောက်ကျင်းပတဲ့ မြန်မာလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ညီလာခံမှာပြောကြားခဲ့ပါတယ်။

“ ကျွန်မတို့က အားလုံးတန်းတူညီတူ တိုးတက်စေချင်ပါတယ်။ အမျိုးသမီးတွေကြည့်ရှေ့ကနေဖို့မဟုတ်ဘဲ အားလုံးအတူ လက်တွဲသွားဖို့ပါ။ လက်တွဲခြင်းဆိုတာ ရှေ့ကလမ်းဆောင်ပြီး နောက်ကလိုက်ခြင်းက ပိုပြီးအရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦးလက်တွဲသွားမယ်ဆိုရင် အလိုလို အင်အားတွေကပြည့်လာပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ လူငယ်အမျိုးသမီးများ၊ အမျိုးသားများ အားလုံးတူတူလက်တွဲပြီး ဟန်ချက်ညီညီနဲ့ရှေ့ကိုတက်လှမ်းစေချင်တယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ကိုင်ရာမှာ အလွယ်ကူဆုံးအဆင့် စတုတ္တအဆင့်မှာရှိနေပြီး တိုးတက်မှုကတော့ အများကြီးလိုအပ်နေသေးတယ်လို့ လည်းအတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့အတွက် လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အခန်းကဏ္ဍကလည်း အရေးပါလျှက်ရှိတာကြောင့် နိုင်ငံတော်အနေနဲ့ကလည်း မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကို အားပေးကူညီဆောင်ရွက်ပေးမှုတွေရှိပါတယ်။အစိုးရက အားပေးရမယ့်အပိုင်းတွေဖြစ်တဲ့ မူဝါဒပိုင်းနဲ့ လက်တွေ့အကောင်အထည်ဖော်ရမယ့် အပိုင်းတွေကိုလည်း အပြည့်အဝဆောင်ရွက်ပေးနေတယ်လို့အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။


က္က