လျှပ်စစ်မီးမမှန်တာကြောင့် ဆန်စက်တွေမလည်ပတ်နိုင်ခဲ့ပါဘူး။

ဆန်စက်တွေပုံမှန်မလည်ပတ်နိုင်တာကြောင့် ဆန်ထုတ်လုပ်နိုင်မှုကလည်း လျော့နည်းနေပါတယ်။

credit - မြန်မာ့ဈေးကွက်



၂၀၁၉ခုနှစ်၊ နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်းကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လုပ်သင့်သော၊ စီစဉ်သင့်သော ကိစ္စများကို လုပ်ဆောင်လျှက်ရှိတယ်လို့ ဆိုပါတယ်။

စပါးဈေးကွက်ကျဆင်းရခြင်းဟာ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဆန်စက်လုပ်ငန်းများအနေဖြင့် စက်ပုံမှန် မလည်ပတ်နိုင်တဲ့ အခြေအနေဟာ လက်ရှိဆန်စပါး ဈေးကွက် အပေါ် ကြီးမားစွာ သက်ရောက်မှုရှိနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ဒီကနေ့ မေလ(၁၈)ရက်နေ့ကထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှဆန်စပါးများကို နယ်စပ်မှ အရောင်းအဝယ် အလွန်နည်းခြင်းနှင့် Export ကျဆင်းခြင်းတို့ကြောင့် ယခုအနေဟာ ပုဂ္ဂလိက သက်သက်ဖြင့်သာ ဆောင်ရွက်လို့မရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့လိုကြောင်း၊ နိုင်ငံတော်အစိုးရကိုလည်း ၂၀၁၉ခုနှှစ် မတ်လ ကတည်းက တင်ပြအကြံပြု ထားတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

လက်ရှိမှာတော့ ဆန်စပါးဈေးကွက်တည်ငြိမ်ရေးနဲ့ တောင်သူများမျှော်လင့်သောဈေးရရှိစေရန် နိုင်ငံတော်အစိုးရပိုင်းမှ ကူညီဆောင်ရွက်ပေးရန်လိုအပ်လျှက်ရှိတာကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ အစွမ်းကုန် တိုက်တွန်းပြောကြားလိုကြောင်းကို ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က