ဂက်စ်တစ်ခါဖြည့်ဖို့ (၇)နာရီလောက်စောင့်ဆိုင်းနေရပါတယ်။

ဂက်စ်ဖြည့်ရန် စောင့်ဆိုင်းရချိန်ကြာမြင့်တာကြောင့် ယာဉ်မောင်းတွေလည်း အဆင်မပြေသလို ခရီးသည်တွေအနေနဲ့ကလည်း မော်တော်ယာဉ်စီးနင်းဖို့ စောင့်ဆိုင်းချိန်တွေ ကြာမြင့်နေတာပါ။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် YBS ယာဉ်များ ဂက်စ်ဖြည့်ရန်တန်းစီချိန် ကြာမြင့်လျှက်ရှိနေပါတယ်။ ဒါကြောင့်ယာဉ်မောင်းများ အဆင်ပြေစေရန် CNG ဆိုင်များကို ၂၄ နာရီ ဂက်စ်ပေးနိုင်ရေးကို ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မော်တော်ယာဉ်အလုံးစုံ သဘာဝဓာတ်ငွေ့ဌာနတို့ ညှိနှိုင်းထားတယ်လို့YRTA ကသိရပါတယ်။



ရန်ကုန်မြို့မှာ CNG ဆိုင် ၄၁ ဆိုင်ရှိပြီး လျှပ်စစ်မီးပြတ်တောက် မှုကြောင့် မီးစက်မောင်းပြီး CNG ဖြည့် ပေးနေပေမယ့် တန်းစီချိန်က ပုံမှန် ၁ နာရီ၊ ၂ နာရီ တန်းစီချိန်ထက် ယခုအခါ ၇ နာရီ၊ ၈ နာရီနီးပါး တန်းစီနေရတယ်လို့ YBS ယာဉ်မောင်းတွေဆီကနေ ကြားသိရပါတယ်။ အခုလို YBS ယာဉ်တွေအနေနဲ့ CNG တန်းစီနေရတာကြောင့် မော်တော်ယာဉ်တစ်စီးနဲ့တစ်စီး အဆက်ပြတ်နေသလို မော်တော်ယာဉ်စီးနင်းမယ့် ခရီးသည်များလည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းကြရပါတယ်။

YRTA ကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင် ရေးလုပ်ငန်းများကို ထိန်းကျောင်းလျက်ရှိပြီး အဓိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ ဘတ်စ်ကားစနစ်ဖြစ်ကာ ယခင် မထသစနစ်ထက် ပိုမိုကောင်းမွန်တဲ့ ဘတ်စ်ကားစနစ်ဖြစ်ရေးကို ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က