ပိုးတွေ့ဝန်ထမ်းဟာ အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒေါပုံမြို့နယ်မှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

Makro ဈေးဝယ်စင်တာက ငွေရှင်းဌာနမှာ အလုပ်လုပ်ကိုင်တဲ့ ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့ဝန်ထမ်းနဲ့အနီးကပ်ထိတွေ့တဲ့ ဝန်ထမ်း (၁၁) ဦးရှိပြီး သူတို့ကို ဓာတ်ခွဲနမူနာရယူစစ်ဆေးမှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က Duwun ကို ပြောပါတယ်။

“အခုပိုးတွေ့တဲ့လူနာက ဈေးဝယ်သူတွေနဲ့ အမြဲထိတွေ့တဲ့သူတော့မဟုတ်ဘူး။ ငွေကိုင် In Charge သဘောမျိုးပေါ့။ ညနေပိုင်းဆိုရင် Cashier ဝန်ထမ်း (၁၁) ယောက်က သူ့ဆီမှာ ငွေအပ်ရတယ်။ သူတို့က နီးနီးကပ်ကပ်ထိတွေ့တဲ့သူတွေပေါ့။ အခုလူနာနဲ့ ထိတွေ့တဲ့ ဝန်ထမ်း (၁၁) ယောက်ရဲ့ စစ်ဆေးချက်အဖြေပေါ်မူတည်ပြီးတော့ ကိုဗစ်ကော်မတီက ဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ ဦးရန်အောင်က ဆိုပါတယ်။



ပိုးတွေ့ဝန်ထမ်းဟာ အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒေါပုံမြို့နယ်မှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့လောက်က ဖျားနာလို့ မြို့နယ်အတွင်းက Fever Clinic ကတစ်ဆင့် ရန်ကုန်ဆေးရုံ ကြီးကို သွားရောက်ပြသခဲ့တာပါ။ ဆေးရုံမှာစောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူရင်း ဓာတ်ခွဲစစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ (၁၃) ရက် ည (၈) နာရီမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိတော့ Makro ဈေးဝယ်စင်တာ ဧရိယာတစ်ခုလုံး၊ စက်ပစ္စည်းကိရိယာအားလုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်နဲ့ အညီ ပိုးသတ်ဆေးဖြန်းတာတွေလုပ်သွားမှာဖြစ်ပြီး စင်တာကိုလည်း ယာယီပိတ်ထားဖို့ သက်ဆိုင်ရာ ကိုဗစ်ကော်မတီက ညွန်ကြားထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိ ပိုးတွေ့ဝန်ထမ်းနဲ့ အနီးကပ်အလုပ်လုပ်ခဲ့ကြတဲ့ဝန်ထမ်းတွေကို နေအိမ်ကွာရန်တင်း၊ Facility ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်သွားမယ်လို့လည်း Makro မြန်မာက သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က