Quarantine စင်တာအဖြစ် အသုံးပြုလျှက်ရှိနေတဲ့ မော်လမြိုင်တက္ကသိုလ်က အခန်းတွေဖျက်ဆီးခံထားရပြီး ပိုက်ဆံနဲ့ ပစ္စည်းတွေပါပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
photo -မော်လမြိုင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့
သော့ခတ်ထားတဲ့အခန်းတွေကို ရိုက်ဖွင့်ပြီး ပြတင်းပေါက်မှန်တွေကိုလည်း ရိုက်ခွဲထားတယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဌ ကိုမင်းသံစဉ်ဦးက Duwun ကိုပြောပါတယ်။ ဖျက်ဆီးခံရတဲ့အခန်းတွေက အဆောင်မှူးအခန်းပါ ပါဝင်ပြီး ကျောင်းသားကျောင်းသူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေထားတဲ့ အခန်းတွေနဲ့ အခန်းတွင်းရှိ စာရွက်စာတမ်း အဝတ်အစားတွေပါ ဖျက်ဆီးခံရတာဖြစ်ပါတယ်။
“ ဖျက်ဆီးခံရတဲ့ အခန်းတွေထဲကနေ ပိုက်ဆံတွေ၊စာအုပ်တွေနဲ့ ကွန်ပျူတာ Hard Disk ပါပျောက်နေတယ်။ Quarantine ဝင်တဲ့သူတွေကလည်းတစ်ဖွဲ့ပြီးတစ်ဖွဲ့ဆိုတော့ ဘယ်အဖွဲ့ကခုလိုလုပ်သွားလဲဆိုတာ မသိဘူး။ မလုပ်သင့်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ဘက်ကတော့ ဒီလိုဖြစ်တဲ့ကိစ္စမှာ သက်ဆိုင်ရာအစိုးရအဖွဲ့ကိုတော့ စာတင်မယ်။ သူတို့ဘက်က ဘယ်လိုတာဝန်ယူလုပ်ဆောင်ပေးမလဲတော့မသိဘူး”လို့ ကိုမင်းသံစဉ်ဦးကပြောပါတယ်။
မော်လမြိုင် တက္ကသိုလ်ဝန်းအတွင်းက Quarantine စင်တာတချို့ ဖျက်ဆီးခံရတာက ဒါကဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက Quarantine ဝင်ရောက်နေတဲ့အမျိုးသမီးအဆောင်မှာ အရက်သေစာသောက်စားမူးရစ်ပြီး အခန်းမှန်တွေရိုက်ခွဲခဲ့မှုလည်းရှိခဲ့ပါတယ်။ ပထမအကြိမ် ကျုးလွန်ခဲ့သူတွေကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမွခန့်ခွဲမှုဥပဒေနဲ့ အရေးယူခဲ့တယ်လို့သိရပါတယ်။ ယခု ဖြစ်စဉ်မှာတော့ စုံစမ်းစစ်ဆေးနေဆံဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းဆောက်ရွက်သွားမယ်လို့ သိရပါတယ်။