မြန်မာနိုင်ငံမှာ COVID-19 ရောဂါပျောက်ကင်းသူ (၁၀) ဦးအထိရှိလာ
Ye Yint Htay

မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ COVID-19 ပိုးတွေ့အတည်ပြုလူနာအမှတ်(၂၇) ရဲ့ဆေးစစ်ချက်ရလဒ်အရ နှစ်ကြိမ် Negative ပြနေတဲ့အတွက် ရောဂါပိုးပျောက်ကင်းသက်သာသူအဖြစ် သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည(၈)နာရီမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဧပြီလ၂၅ရက်နေ့ဆေးစစ်ချက်အဖြေပထမအသုတ်ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၁၃၂ခုကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့လူနာတစ်ဦးမှတွေ့ရှိခဲ့ခြင်းလည်းမရှိခဲ့ပါဘူး။

လူနာအမှတ်(၂၇)မှာ အသက်(၂၄)နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်၊ကျိုက်မရောမြို့ကဖြစ်ကာ ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာသူဖြစ်ပါတယ်။ ဧပြီလ ၂၅ရက်နေ့ နံနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါသက်သာပျောက်ကင်းသူ ၉ဦးရှိခဲ့ပြီး ဒီနေ့ညမှာ တစ်ဦးထပ်တိုးလာတဲ့အတွက် စုစုပေါင်း (၁၀)ဦးအထိရှိလာပြီလည်းဖြစ်ပါတယ်။ 


ရန်ကုန်မြို့ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ကုသနေတဲ့ လူနာတွေထဲမှာ အထူးကြပ်မတ်ကုသခံရသူ ၂ဦးရှိနေပြီး တောင်ဥက္ကလာပအထူးကုဆေးရုံမှာတော့ အထူးကြပ်မတ်ကုသခံရသူတစ်ဦးရှိနေတယ်လို့လည်းသိရပါတယ်။ ဒီနေ့ညအထိစာရင်းအရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့လူနာ ၁၄၄ဦးရှိပြီး ၁၀ဦးပြန်လည်သက်သာလာကာ ၅ဦးသေဆုံးထားပါတယ်။



က္က