ကိုဗစ် ကူးစက်ခံထားရတဲ့ စေတနာ့ဝန်ထမ်း လူငယ် ၄ ဦးဟာ ဘိုဘိုဝင်း RESCUE နဲ့ အေးမြကြည်လင် RESCUE အဖွဲ့က ဖြစ်ပါတယ်။

မော်လမြိုင်မြို့မှာ ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနဲ့ပတ်သက်ပြီး ကူညီလုပ်ဆောင်ပေးနေတဲ့ ပရဟိတ လူငယ် ၄ ဦး ကိုဗစ်ရောဂါ ကူးစက်ခံထားရတာကြောင့် မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှုခံနေရတယ်လို့သိရပါတယ်။



ကိုဗစ် ကူးစက်ခံထားရတဲ့ စေတနာ့ဝန်ထမ်း လူငယ် ၄ ဦးဟာ ဘိုဘိုဝင်း RESCUE နဲ့ အေးမြကြည်လင် RESCUE အဖွဲ့က ဖြစ်ပါတယ်။

ဘိုဘိုဝင်း RESCUE က ကိုဗစ်ကူးစက်ခံထားရသူ ၂ ဦးဟာ မော်လမြိုင်က ရောဂါပိုးရှိသူ လူနာ ၄၈၂ နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိဘဲ လူနာရဲ့ မိသားစုဝင် ၊ ဆက်စပ်သူတွေကို ကွာရန်တင်းပို့ဆောင်မှု၊ ဆေးဖြန်းခြင်း သာရှိတယ်လို့ သိရပါတယ်။

" အခုကူးစက်ခံရတဲ့ ၂ ယောက်က နောက်တန်းမှာ ထားသူတွေပါ။ လူနာ ၄၈၂ ကို သယ်တုန်းကလည်း သူတို့မပါဘူး။မိသားစုဝင်တွေကို ကွာရန်တင်းပို့တာပဲရှိတယ်။ ၇၇၁ ကိုသယ်လည်း မထိဘူး။ဒါပေမယ့် ၇၇၁ ရဲ့ထိစပ်သူတွေကို ဆေးစစ်တဲ့အချိန်မှာ ကျနော်တို့အဖွဲ့က ဘော်လန်တီယာ ၄ ဦးပါ ဝင်စစ်လိုက်တယ်။ အဲဒီထဲက ၂ ယောက် တွေ့တာပေါ့။ သူတို့ကူးစက်ခံရတဲ့အပေါ် ကျနော်တို့သုံးသပ်တာတော့ သူတို့က ဆေးဖြန်း တယ်၊ PPE ချွတ် တာကိုကူခဲ့တယ်။ PPE အဝတ်မီးရှို့ တာတွေကပဲ ကူးစက်တာဖြစ်နိုင်တယ်"လို့ ဘိုဘိုဝင်း RESCUEမှ ကိုကိိုဘိုဘိုဝင်းကပြောပါတယ်။

ပရဟိတအဖွဲ့မှ လူငယ်တစ်ဦးအား Swab ယူနေစဉ် (ဓာတ်ပုံ - Bobo Thaw)

ဒါကြောင့် လက်ရှိမှာ အဲ့ဒီ ပရဟတိတ အဖွဲ့နှစ်ဖွဲ့လုံးက အသင်းသားအားလုံး Facility ကွာရန်တင်းဝင်ရောက်နေသလို ၊ ကိုဗစ် ၁၉ ပိုးရှိ ပရဟိတလူနာနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တချို့လည်း ကွာရန်တင်း ဝင်ရောက်နေတယ်လို့သိရပါတယ်။

မော်လမြိုင်မြို့မှာ ကိုဗစ် အတည်ပြုလူနာ ၈ ဦး တွေ့ရှိကြောင်းကို စက်တင်ဘာလ ၁ ရက်နေ့ညမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာက ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီထဲမှ ပရဟိတ လူငယ် ၄ ဦးပါဝင်ခဲ့တာဖြစ်ပါတယ်။

ပိုးတွေ့ လူနာ စေတနာ့ဝန်ထမ်း လူငယ် ၄ ဦးဟာ လူနာအမှတ် ၉၁၂ ၊ ၉၁၃ ၊ ၉၁၄ ၊ ၉၁၅ တို့ပဲဖြစ်ပါတယ်။သူတို့ကို မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသပေးနေပြီး လက်ရှိမှာ ကျန်းမာရေးကောင်းမွန်နေတယ်လို့သိရပါတယ်။

အခုဆိုရင် မော်လမြိုင် မြို့မှာ ကိုဗစ်အတည်ပြုလူနာ ၉ ဦးအထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က