မြေပြိုကျမှုနဲ့ သစ်ပင်ပိမှုကြောင့် သေဆုံးသူအမျိုးသားကိုမော်လမြိုင်ပြည့်သူဆေးရုးကြီးကို ပို့ဆောင်ထားပါတယ်။

မော်လမြိုင်မြို့ ၊စစ်ကဲကုန်းရပ်၊တောင်ရိုးတန်းသာသနာ ၂၅၀၀ အောက်ဘက်ကို မြေထိန်းနံရံပြုလုပ်စဉ် မြေကြီးနှင့်သစ်ပင်ပဲ့ကျပြီး လူတစ်ဦး သေဆုံးမှု ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာဖြစ်ပွားခဲ့ပါတယ်။ 



" လေးယောက်မြေတူးနေကြတာပါ။ တစ်ယောက်ကတော့ သူရဲ့အပေါ်မှာ သစ်ပင်ဖြတ်ထားတဲ့ အပိုင်းက၊ အဲ့ဒါ တွေပြိုကျတော့ သူတို့ပေါ်ပိသွားတယ်။ တစ်ယောက်ကတော့ ထိသွားတယ်။အဲဒီတယောက်ပဲ သစ်ပင်နဲ့မြေကြီးနဲ့ ပိပြီး ကယ်ဆယ်ရေး လုပ်တဲ့နေရာမှာပဲ dead body ဖြစ်သွားတယ်။ မြေထိန်းနံရံလားတော့ မသိဘူးသူတို့ တူးနေကြတာပေါ့။ "လို့ မြေပြိုကျရာ နေရာကိုကယ်ဆယ်ရေးရောက်ရှိနေတဲ့ မော်လမြိုင် RESCUE လူမှုကူညီရေးအဖွဲ့မှ ကိုဉာဏ်ဌေးကပြောပါတယ်။

မြေပြိုကျမှုနဲ့ သစ်ပင်ပိမှုကြောင့် သေဆုံးသူအမျိုးသားကိုတော့ မော်လမြိုင်ပြည့်သူဆေးရုးကြီးကို ပို့ဆောင်ထားပါတယ်။ ကျန် ၃ ယောက်ကတော့ ထိခိုက်ဒဏ်ရာရ ကြီးကြီးမားမားမရှိဘူးလို့ သိရပါတယ်။ 

ဓာတ်ပုံ - Zin Moe

မြေပြိုကျရာ ကိုရောက်ရှိနေတဲ့ ဒေသခံတစ်ဦးကလည်း " အုတ်တံတိုင်းလုပ်တယ်သိရတယ်။အောက်မှာက အိမ်သာကျင်းကလည်းရှိနေတယ်။အပေါ်က သစ်ပင်ကို အမြစ်ကနေတူးနေတယ် အဲ့ဒီမှာ သစ်ပင်ကလည်း ကျလာရော အောက်ကကျင်းနဲ့သစ်ပင်နဲ့ညှပ်ပြီး ဖြစ်သွားတာပဲ။သူတို့က အဆောက်အအဦးဆောက်တဲ့အဖွဲ့တွေထဲကပဲ"လို့ ဆိုပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ပိုင် နယ်မြေက တောင်စောင်းမှာ သာသနာ၂၅၀၀ ဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေပါတယ်။ 

အခုလို ဆောက်လုပ်နေမှုနှင့်ပတ်သက်ပြီး တောင်စောင်းပတ်ဝန်းကျင်နေသူတွေက မြေပြိုမယ့်အန္တရာယ်ကို စိုးရိမ်တာကြောင့် ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လက သတင်းစာရှင်းလင်းပွဲ ပြုလုပ်တောင်းဆိုမှုတွေရှိ ခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က