သေဆုံးတဲ့အလောင်းတွေကို ဆွဲထုတ်နေရပါတယ်။
Mi Thawdar Aung

လက်ရှိတော့ ကားထဲမှာ ပိတ်မိသေဆုံးနေတဲ့ အလောင်းတွေကို ကယ်ဆယ် ဆွဲထုတ်နေရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးနဲ့ အရေးပေါ်လူနာ (၃) ဦးကို မန္တလေးဆေးရုံကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Photo- Chit Kaung FB

ချင်းတောင်ကို ကထိန်ခင်းရန်အတွက် မော်လမြိုင် မဟာမြိုင်ဟိတဓရ ဓမ္မစကူးဖောင်ဒေရှင်းအဖွဲ့ဟာ Express ယာဉ် ၃ စီးနဲ့ သွားရောက်ရာ ဒီကနေ့ နိုဝင်ဘာ ၅ ရက် မနက် ၅ နာရီလောက်က မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာမှာ ယာဉ် ၂ စီးတိမ်းမှောက်သွားခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဦးဆောင်သူ ကိုဘိုဘိုဝင်း က Duwun ကိုပြောပါတယ်။

“ ကား ၃ စီး မှာ ဒုတိယကားပေါ်က မှောက်တာ။ မှောက်တဲ့ကားကို ရှောင်ရင်းနဲ့ နောက်ဆုံးကားက သစ်ပင်ကို ဝင်တိုက်မိတယ်။ မနေ့က မိုးတွေလည်း ရွာနေတော့ ကားက စလစ်ဖြစ်ပြီး ချော်တာလဲ ဖြစ်နိုင်ပါတယ်။ မှောက်တဲ့ကားပေါ်ကနေ သေဆုံး၊ဒဏ်ရာရတာတွေ ဖြစ်သွားတာပါ။ အခုတော့ သေဆုံးတဲ့အလောင်းကို ထုတ်နေတုန်းပဲ။ “ လို့ ကိုဘိုဘိုဝင်းက ပြောပါတယ်။

Photo- Chit Kaung FB

ကထိန်ကို ဦးဆောင်သွားတဲ့ မော်လမြိုင် မဟာမြိုင်ဟိတဓရ ဓမ္မစကူးဖောင်ဒေရှင်းအဖွဲ့က ဆရာတော် ထိခိုက်ဒဏ်ရာမရှိဘဲ ဘေးကင်းတယ်လို့လည်း သိရပါတယ်။သစ်ပင်ဝင်တိုက်မိတဲ့ကားပေါ်က ယာဉ်မောင်းကတော့ ခြေထောက်ကျိုးသွားခဲ့ပြီး ခရီးသည်တွေကတော့ ဒဏ်ရာရရှိခြင်းမရှိဘူးလို့ သိရပါတယ်။

လက်ရှိတော့ စဉ့်ကူးလူမှုကယ်ဆယ်ရေးအဖွဲ့၊ Mandalay Rescue ကယ်ဆယ်ရေးအဖွဲ့နဲ့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။


က္က