မန္တလေးမြို့နေထိုင်သူတွေမဟုတ်ပါဘူး။
Minn Nandar

မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းလက်ရန်းပေါ်မှာ အမျိုးသား၊ အမျိုးသမီးဝတ်အကျီ င်္တွေလှန်းထားတဲ့ပုံတွေက ဒီကနေ့မနက်က လူမှုကွန်ရက်မှာပြန့်နှံ့လာသလို ဝေဖန်မှုတွေရှိခဲ့ပြီး အခုလိုလုပ်တဲ့ သူတွေကိုလည်း နောက်မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းလိုက်တယ် လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျကပြောပါတယ်။

photo- မြို့တော်စည်ပင်

ကျုံးဘေးအဝတ်လှန်းခဲ့ကြသူတွေဟာ အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦးဖြစ်ပြီး မန္တလေးကျုံးတောင်ဘက်ခြမ်းက ကျုံးလက်ရန်းပေါ်စည်းကမ်းမဲ့အဝတ်လှန်းခဲ့ကြသူတွေဟာ မန္တလေးမြို့နေသူတွေမဟုတ်ဘဲ တစ်နယ်တစ်ကျေးကနေ ရောက်လာကြသူတွေပဲဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာကော်မတီဝင် ဦးကျော်ဇေယျက Duwun Media ကိုပြောပါတယ်။

“ သူတို့ကမန္တလေးကမဟုတ်ကြပါဘူး၊ ……..မြို့ကနေ ဆေးကုလာရင်းအခက်အခဲတစ်ခုကြောင့်ခဏနားနေရင်း အခုကိစ္စဖြစ်သွားတာပါ၊ အခုတော့ သူတို့ ကို နောက်ဒါမျိုးမလုပ်ဖို့ပြောပြပြီး ခံဝန်လက်မှတ်ထိုးခိုင်းလိုက်တယ်" လို့ ကော်မတီဝင် ဦးကျော်ဇေယျကပြောပါတယ်။

photo- ဦးလာဘသိဒ္ဓိ

မန္တလေးကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၇၆ လမ်းနဲ့ ၇၇ လမ်းကြားကကျုံးလက်ရန်းပေါ်မှာ အမျိုးသားဝတ်အကျီ ၤ၊ လုံချည်ဘောင်းဘီတွေနဲ့ အမျိုးသမီး ဝတ်အကျီ ၤ၊ စကပ်နဲ့ဘောင်းဘီတွေလှန်းထားတဲ့ပုံတွေ ဒီနေ့မနက်ပိုင်းက ဆိုရှယ်မီဒီယာပေါ်တက်လာတာမှာ အွန်လိုင်းအသုံးပြုကြသူတွေကြား ဝေဖန်မှု တွေဖြစ်ပေါ်ခဲ့ပါတယ်။

“မနက်ကဒီသတင်းတက်လာကတည်းက ကျွန်တော်တို့သိတယ်၊ သိတာနဲ့ချက်ချင်းပဲ ဒီကိစ္စသွားဆောင်ရွက်စေတယ်၊ သူတို့က ဒီမြို့ကမဟုတ်ကြဘူး၊ မန္တလေးမြို့ကမဟုတ်ပါဘူး” လို့လည်း ၎င်းကပြောပါတယ်။

ကျုံးဘေးအဝတ်လှန်းခဲ့ကြသူတွေဟာ အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦးဖြစ်ပြီး ခံဝန်ကတိဦးဆောင်ရေးထိုးသူဟာ ၅/ မှတ်ပုံတင်ကိုင်ဆိုင်သူဖြစ်တယ် လို့သိရပါတယ်။


က္က