ပြည်တော်ပြန်တွေထဲမှာ စုစုပေါင်း ပိုးတွေ့လူနာ ၇၆ယောက်ရှိပါတယ်။

မေလ ၁၇ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံကို လမ်းကြောင်းအမျိုးမျိုးကနေ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်တော်ပြန်တွေထဲမှာ ၇၆ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ခဲ့ပြီး ဒီညမှာတော့ ပြန်လည်ပျောက်ကင်းလာသူ ၁၈ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဒီနေ့ည ၈နာရီသတင်းထုတ်ပြန်ချက်အရ ရောဂါပိုးကင်းစင်သူ (၄)ဦးထပ်တိုးခဲ့တယ်လို့သိရပြီး လူနာအမှတ်(၁၈၈)က မလေးရှားကပြန်လာသူဖြစ်ပြီး လူနာအမှတ်(၂၂၉)က အိန္ဒိယနိုင်ငံကပြန်လာသူတွေဖြစ်ပါတယ်။ 



ပြည်တော်ပြန်တွေထဲက ရောဂါပိုး ပြန်လည်ပျောက်ကင်းသူတွေထဲမှာ မလေးရှားက ပြန်လာသူ ၇ဦး၊ယူအေအီး ကပြန်လာသူ ၈ဦး၊အိန္ဒိယကပြန်လာသူ ၂ဦးနဲ့ အီတလီက ပြန်လာသူ ၁ဦးပါဝင်ပြီး စုစုပေါင်း ၁၈ဦးအထိရှိလာခဲ့တာပါ။ ပြည်တော်ပြန်တွေထဲမှာ ရောဂါပိုးတွေ့ရှိမှုအများဆုံးနိုင်ငံက အိန္ဒိယဖြစ်ပြီး ၄၆ဦးအထိတွေ့ရှိထားကာ မလေးရှားနိုင်ငံက ပြန်လာသူတွေကထဲက ၁၃ဦးနဲ့ဒုတိယအများဆုံးတွေ့ရှိထားပါတယ်။ လက်ရှိအချိန်မှာတော့ ပိုးတွေ့လူနာအများဆုံးတွေ့ရှိထားတဲ့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားတွေကို ထပ်မံသွားရောက်ခေါ်ဆောင်ဖို့အစီအစဉ်မရှိတော့ကြောင်းလည်း သတင်းတွေအရသိရပါတယ်။ 

ပြည်တော်ပြန်ပိုးတွေ့လူနာအများစုက အစိုးရရဲ့အစီအစဉ်နဲ့ပြန်လည်ခေါ်ဆောင်ထားသူတွေဖြစ်ပြီး နယ်စပ်ဂိတ်တွေကတဆင့်ဝင်ရောက်လာသူတချို့မှာ ရောဂါပိုးတွေ့ရှိထားသလို ဘင်္ဂလားဒေ့ရှ်ကခိုးဝင်လာသူတွေမှာလည်း ရောဂါပိုးတွေ့ရှိမှုတွေရှိနေပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၂ဦးရှိရာမှာ၆ဦးသေဆုံးပြီး ရောဂါပိုး ပြန်လည်ပျောက်ကင်းသူ ၁၇၉ဦးရှိကာ ၁၆၂ဦး ဆေးရုံကဆင်းခွင့်ရထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က