သီတင်းကျွတ်လပြည့်နေ့မှာကျင်းပမှာပါ။
Ei Ei Htun

ဆီမီးမျှောပူဇော်ပွဲကိုတော့ မန္တလေး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာ၊ဆည်တော်ချောင်းမကြီးပေါ်မှာ နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်းကျင်းပလေ့ရှိပြီး ဒီနှစ်မှာတော့ ရောင်စုံကြာခွက်မီးခွက်တစ်ထောင်ကျော်ခြံရံလျှက် ပဒုမ္မာကြာဖောင်ကြီးကို ရေမျှောပူဇော်သွားမှာဖြစ်ပါတယ်။

မန္တလေးမြို့မှာ ထူးထူးခြားခြားရောင်စုံကြာမီးခွက်လေးတွေနဲ့ ဆင်ယင်ကျင်းပတဲ့ ဆီမီးမျှောပူဇော်ပွဲကို အခုနှစ်မှာလည်း အရင်နှစ်တွေကထက် ပိုမိုထူးခြားတဲ့ အစီအစဉ်လေးတွေနဲ့ ကျင်းပသွားဦးမှာဖြစ်တယ်လို့ ပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးမှပြောပါတယ်။

“ ကျွန်တော်ကလည်း ပွဲကျင်းပရေးအဖွဲ့ထဲပါနေတော့ ဒီနှစ်မှာ ပဒုမ္မာကြာလေးတွေလုပ်ရင်ကောင်းမလားဆိုပြီး အကြံပေးဖြစ်ရာကနေ ဒီနှစ်တော့ ထူးထူးခြားခြား ပဒုမ္မာကြာဖောင်ကြီးကို ပြုလုပ်မှာပေါ့။ အခုတော့ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေလုပ်နေပြီ” လို့ ပွဲကျင်းပရေး အဖွဲ့ဝင် ကိုမင်းအောင်က Duwun ကိုပြောပါတယ်။

ဆီမီးမျှောပူဇော်ပွဲကိုတော့ မန္တလေး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာ၊ဆည်တော်ချောင်းမကြီးပေါ်မှာ နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်းကျင်းပလေ့ရှိပါတယ်။ကျေးရွာကာလသားခေါင်းရဲ့ဦးဆောင်မှုနဲ့ ကာလသား၊ကာလသမီးတွေဝိုင်းဝန်းဆောင်ရွက်ပြီး ကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ်။

ဆီမီးမျှောပွဲမှာ မြန်မာမှုလက်ရာတွေဖန်တီးဆောင်ရွက်တက်ကြပြီး ယခုနှစ်ရဲ့ထူးခြားမှုကတော့ ကြာပွင့်ဖော်တော်ကြီးတစ်ခုဖန်တီးကာ မြတ်စွာဘုရားကိုပူဇော်ကြမှာလည်းဖြစ်ပါတယ်။ အခုနှစ်ရှင်တော်ကုန်းရွာ ဆီမီးမျှောပွဲမှာ ရောင်စုံကြာခွက်မီးခွက်တစ်ထောင်ကျော်ခြံရံလျှက် ပဒုမ္မာကြာဖောင်ကြီးကို ရေမျှောပူဇော်သွားမှာဖြစ်ပါတယ်။ မနက်ပိုင်းကစလို့ စတုဒိသာကျွေးမွေးခြင်းအစီအစဉ်တွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာပါ။ 


က္က